HE'S . 22

2.9K 380 18
                                    

[Unicode + Zawgyi]

အလုပ်စဝင်တဲ့နေ့ကတည်းကနေ Baekhyunအတွက်တစ်နေ့တာရဲ့အရေးကြီးဆုံးထဲမှာ ချစ်ရသူရှေ့ကြည့်ကောင်းနေစေဖို့လည်းပါသည်။
အလုပ်ဝင်ချိန်မတိုင်ခင် မှန်ရှေ့ရပ်ကြည့်နေသည်ကနာရီဝက်ထက်မနည်း.. Chanyeol သူ့ကိုမြင်တိုင်းသဘောကျနေစေချင်သည်။
သို့ပေမဲ့လည်း.. Chanyeolကအလုပ်ဆိုအလုပ်ပဲစိတ်ထဲရှိတာကြောင့် တခါခါတွင်လည်း ကြည့်ကောင်းနေဖို့ထက် Chanyeolဆီကအာရုံစိုက်ခြင်းခံရအောင်ပင် မနည်းလုပ်ယူနေရသည်။

ဘယ်လိုလူကိုချစ်မိခဲ့တာလဲ Baekhyunရာ.. အလုပ်ဆိုတာနဲ့တခြားသူကိုလှည့်တောင်မကြည့်တဲ့ လူယုတ်မာကြီး..
သူ့အနားနေချင်လို့ကို အမြဲမအားဘူး..

"ငါ့တို့Baekhyunလေးက ဘာဖြစ်နေတာလဲစူပုတ်နေတာပဲ"

"JunMyeon Hyung.. Hyungတို့အစည်းအဝေးကပြီးသွားပြီလား"

"ဒါပေါ့."

စီနီယာတွေနဲ့သက်ဆိုင်တာမို့ ဘာအစည်းအဝေးမှန်းBaekhyunမသိပေမဲ့ Chanyeolပါတက်ရောက်နေရသည်ကိုတော့သိသည်။

"Chanyeolကော"

"လာပါလိမ့်မယ် မှတ်တမ်းFileတွေသွားပြန်ထားနေတယ်"

Baekhyunစူပုတ်နေရာကနေပြုံးသွားကာ Chanyeolလာရင်စားဖို့အတွက် ယူထားပေးလိုက်သည်။

"ဒီလိုကျတော့လည်း ငါတို့ရဲ့Baekhyunလေးက ချစ်သူကိုတော်တော်ဂရုစိုက်တာပဲ"

ဒါပေါ့.. ဒါပေါ့..

ချစ်ရသူလေးက ဒီတစ်ယောက်ထဲရှိတာကို ဂရုစိုက်ရမှာပေါ့..

သူကသာအလုပ်တွေရှုပ်နေတာ
ဒီBaekhyunလေးက သူ့အတွက်ဆိုအမြဲအားပါတယ်နော်

အပြင်တွင်တော့ပြုံးနေကာ ထမင်းပန်းကန်ထဲဟိုထိုးသည်ထိုး..

"စားနေကြပြီပေါ့"

"Chanyeol ငါ မင်းအတွက်ယူထားပေးပြီးသား.. စားတော့"

Baekhyunပြုံးရွှင်နေကာ ထမင်းပန်းကန်ကိုChanyeolအရှေ့တိုးပေးလိုက်သည်။

"အင်း.. ကျေးဇူး"

Chanyeolက တကယ်စိတ်ထဲကကျေးဇူးတင်မိပြီး.. အလုပ်ကပင်ပန်းလာတဲ့အပြင် နားချိန်လည်းနည်းတာကြောင့် ပုံမှန်အတိုင်း အေးတိအေးစက်Baekhyunကိုကျေးဇူးစကားဆိုလိုက်တာကို.. Baekhyunကသဘောမကျဘူးဖြစ်သွားရသည်။

HE'S ✓Where stories live. Discover now