HE'S . 32

2.6K 344 15
                                    

[Unicode + Zawgyi]

Chanyeolရဲ့မိဘများသဘောတူလိုက်ကြောင်းကိုကြွားလုံးထုတ်နေရသည်မှာ Baekhyunအတွက်ဂုဏ်ယူရဆုံးအလုပ်တစ်ခုဖြစ်ခဲ့ပြီး သူငယ်ချင်းနဲ့အစ်ကိုတွေဆီ သတင်းကမြန်မြန်ဆန်ဆန်ပဲရောက်ရှိသွားသည်။
ဘေးကChanyeolကတော့ Baekhyunကိုဘာလုပ်လုပ် ဘာတစ်ခုမှပြောမနေဘဲ ပြုံးပြီးကြည့်‌နေခဲ့သည်။

"Chanyeol.. ငါအရမ်းပျော်တာပဲ"

"အင်း"

မင်းပျော်နေတာမြင်ရတော့ ငါလည်းပျော်တယ်

"Chanyeol.. ဒီညနောက်ကျမှပြန်မလား ငါတို့ဆိုင်တစ်ခုခုမှာသွားထိုင်မယ်လေ
နော်.. ငါတို့အောင်ပွဲခံကြမယ်
Chanyeol-Ya.. နော်လို့
နည်းနည်းလေးပဲသောက်ကြမယ်
ဒါက ငါတို့‌မဖြစ်မနေအောင်ပွဲခံသင့်တဲ့ကိစ္စပဲလေ
ဟုတ်တယ်မလား .. ဟုတ်တယ်လို့
Chanyeol-Ya... ငါ့အချစ်လေးရေ..."

"မားမားကညစာအတွက်ထည့်ပေးလိုက်တယ်လေ"

"ဒါပေမဲ့... ငါတို့ကျိန်းသေအောင်ပွဲခံသင့်တာပဲကို
အများကြီးစားမှာလည်းမဟုတ်ဘူးလေ
အိမ်ပြန်ရောက်ရင်Chanyeolရဲ့မားမားထည့်ပေးလိုက်တာတွေကိုစားမယ်လေနော်"

Chanyeolကားမောင်းနေတာကို ဘေးကတဂျီဂျီလုပ်နေတဲ့Baekhyunကြောင့် ကားကိုအရှိန်လျော့လိုက်ရသည်။

"ငါ့အချစ်လေး.. ခေါင်းလေးညိတ်လေနော်..
သဘောတူတယ်မလား
တကယ်ပါ
နည်းနည်းလေးပဲသောက်ကြမယ်
မင်းစကားနားထောင်မယ်လေ
မင်းကမသောက်နဲ့တော့ဆိုတာနဲ့ရပ်မယ်
နော်.. နော်လို့"

ငါဒီလောက်ပြောနေတာကို အဖတ်မလုပ်ဘူး..

Baekhyun Chanyeolကားမောင်းနေတာကိုမေ့နေတာလားပဲ
အဖတ်ပင်မလုပ်ဘဲဘာအဖြေမှရှိမလာတဲ့ Chanyeolကိုအကြည့်လွှဲလိုက်ကာ စူပုတ်နေတော့သည်။

ငါဘယ်လိုပြောရမလဲ..
ဒါကပျော်စရာကောင်းတဲ့ကိစ္စပဲလေ
ငါဒီလောက်တက်ကြွနေတာကို သူကဘာလို့များ မလှုပ်မရှက်နဲ့လဲ
ဟွန့်....

"အိမ်ပြန်မယ်!
ကားမောင်းတာဘာလို့ အရမ်းနှေးနေတာလဲ
မြန်မြန်မောင်းပေး"

Baekhyunပြောသာပြောတာ လှည့်ကြည့်မလာတာကြောင့် Chanyeolကပြုံးလိုက်ပြန်သည်။

HE'S ✓Where stories live. Discover now