🚨

4.9K 330 17
                                    

[Unicode + Zawgyi]

တဖက်သတ်အချစ်တစ်ခုသက်သက်က‌နေစတင်ခဲ့ရတာက အခုတော့ အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်လာခဲ့ပြီ။
အချစ်တစ်ခုနဲ့ဘာကိုမှမမြင်နိုင်ဘဲ သူ့အနားတွင်အမြဲရှိနေချင်ခဲ့ပြီး
သူ့ဆီကအမြဲလိုလိုလည်းမောင်းထုတ်ခြင်းခံခဲ့ရပြီး
ကိုယ့်နှလုံးသားဟာ အချိန်ရှိတိုင်း အတွေးတစ်ခုနဲ့နာကျင်ခဲ့ရတာကလည်း နူးညံ့မနေခဲ့ဘူး။

ဒါကိုသာ လက်လျှော့မိခဲ့လိုက်ရင်..

အခုလို
အရမ်းချစ်ပေး.. ဂရုစိုက်ပေး .. ကာကွယ်ပေးတဲ့ Chanyeolလိုချစ်သူမျိုးကိုလက်လွှတ်လိုက်ရမှာ။

Chanyeolနဲ့ပတ်သက်ပြီး Baekhyunအတွက်နောက်ထပ်အကျင့်တစ်ခုထပ်ရသွားသည်က နှစ်ယောက်ဆုံပြီဆိုရင် လက်စွပ်ဝတ်ထားတဲ့လက်ကလေးတွေကို အတူတူယှဉ်တွဲကြည့်ပြီး  သဘောကျရခြင်းဖြစ်သည်။

ဆေးရုံမှာ သူတို့အချစ်ငှက်နှစ်ကောင်ကို သဘောမကျတဲ့သူတွေရှိပေမဲ့ Baekhyunက လက်ထဲကလက်စွပ်လေးကိုထင်းနေအောင်နေသည်။
အားကျမိတဲ့သူတွေဆီက အဖားအယား.. မြှောက်ပင့်စကား..တွေ..ရှိလာပေမဲ့ Baekhyunကသိပ်မရောဘူး။
‌ထို့နောက် TaeYongနဲ့ JaeHyunတို့က သူငယ်ချင်းအသစ်တွေဖြစ်လာခဲ့သည်။
ဒါတောင် Chanyeolရဲ့လက်ခံပေးမှုနဲ့မှ Baekhyunက လက်ခံခဲ့ခြင်းဖြစ်သည်။

Chanyeolက Night Dutyကိုတစ်ညလုံးစောင့်ခဲ့ရပြီး Baekhyunကတော့Day Dutyမို့ အခုဏကမှဆေးရုံကိုရောက်လာသည်။

ပင်ပန်းနေတဲ့အချိန်မှာ ချစ်သူရဲ့ရင်ခွင်ကိုခိုလှုံလိုက်ရသည်က အချိန်တိုတိုအတွင်းမှာ အားပြည့်မြန်သည်။
သို့ပေမဲ့လည်း နှစ်ယောက်လုံးက လွဲနေကြတဲ့နေ့နဲ့ည Dutyချိန်တွေကြောင့် Dutyလဲချိန်လေးသာတွေခွင့်ရှိပြီး
ကြာကြာမတွေ့နိုင်ကြသည်မှာ ၃ပတ်လောက်ရှိနေခဲ့ပြီ။

Chanyeol Dutyချိန်ကနေထွက်လာတော့ သူမဟုတ်တဲ့တခြားတစ်ယောက်နဲ့ပြုံးပြီးစကားတွေပြောနေတဲ့Baekhyunကိုတွေ့လိုက်သည်။
ချက်ချင်းပဲ လွမ်းနေခဲ့ရတဲ့ကောင်လေးရဲ့လက်ကိုဆွဲပြီးခေါ်ထုတ်လာခဲ့ကာ သူ့နား‌ဆောင်အခန်းဆီကိုပြန်ဝင်လာခဲ့သည်။
Chanyeolရဲ့ရုတ်တရက်ဆန်တဲ့အပြုအမူကြောင့် အစကတော့Baekhyunလန့်သွားပေမဲ့ Chanyeolမှန်းသိလိုက်တဲ့အချိန်မှာ ငြိမ်ငြိမ်လေးပဲလိုက်ခဲ့လိုက်သည်။

HE'S ✓Where stories live. Discover now