HE'S . 10

3K 392 2
                                    

[Unicode+ Zawgyi]

"ဟျွန်းငယ်ဘယ်လိုအိပ်နေတာလဲ ကိုယ်တွေနာနေတော့မှာပဲ ထ ထပြီးအိပ်ယာပေါ်မှာသွားပြန်အိပ်"

"ကိုလေး"

KyungSooအလုပ်မသွားခင် လုပ်နေကြအတိုင်းပဲ Baekhyunရဲ့အခန်းထဲကလျှော်စရာရှိတာ..သိမ်းစရာ‌ရှိတာတွေကိုလာရှင်းပေးတော့ ခုံပေါ်အိပ်နေတဲ့ ညီငယ်ကိုမြင်ပြီးစိုးရိမ်တကြီးနိုးသည်။

Baekhyun KyungSooရဲ့အသံကြောင့်နိုးလာပေမဲ့လည်း နာနေတဲ့ခန္ဓာကိုယ်ကြောင့်ခေါင်းပင်မထောင်နိုင် အသံသာပြုနိုင်သည်။

"ဟျွန်းငယ်ရာ ကိုယ့်ကိုယ်ကိုဂရုစိုက်မှပေါ့"

"ကိုလေး..ဟင့်.. နာတယ်
ဟျွန်းငယ်လည်ပင်းရယ် ပြီတော့ဖင်တခြမ်းရယ် ပြီးတော့လက်တွေကဟျွန်းငယ်လက်တွေမဟုတ်ဘူး ဟျွန်းငယ်ရဲ့ခြေထောက်တစ်ဖက်လည်းဘယ်ရောက်သွားလဲမသိဘူး..
ဟင့် ဟင့် ကိုလေး လုပ်ပါဦး တစ်ကိုယ်လုံးနာတယ်လို့..
အာ ယားယား ထလို့တောင်မရတော့ဘူး..
မဟုတ်မှ
လေဖြတ်သွားတာလား.. မဖြစ်ချင်ဘူး အဲ့လိုမဖြစ်ချင်ဘူးလို့..
ဟျွန်းငယ်က အခုမှလန်းချင်တုန်းကို လေမဖြတ်ချင်ဘူး
ကိုလေး...!!!!"

"ခဏ ခဏ.. ကိုလေးပြောတာနားထောင်ဦး ဟျွန်းငယ်"

"ဟုတ်.."

တစ်ယောက်ထဲဆူညံနေပြီးထင်ရာတွေပြောနေတဲ့ညီငယ်ရဲ့အပြောတွေကြား KyungSooမနည်းတားယူဝင်ရောက်ရသည်။

"တစ်ညလုံးခုံပေါ်ထိုင်အိပ်နေလို့ ကိုယ်တွေနာနေတာဟျွန်းငယ်ရဲ့.. ဘာလေမှမဖြတ်ဘူး
လာ..ကိုလေးကအိပ်ယာပေါ်ပို့ပေးမယ်.. အဲ့မှာခဏနားနေလိုက်
စားဖို့သောက်ဖို့ ဟျွန်းငယ်အခန်းထဲ အကုန်ကိုလေးယူထားပေးမယ်..
ဟျွန်းငယ်သက်သာရင်ထစားလိုက်နော်
တစ်ခုခုဆို ကိုလေးဆီဖုန်းဆက် ဟုတ်ပြီလား"

"ကိုလေးကအလုပ်သွားတော့မို့လား.. ဟျွန်းငယ်နဲ့တူတူမနေပေးဘူးလားဟင်"

ညီအစ်ကိုတွေအကုန်က အငယ်ဆုံးညီလေးကိုတုန်နေအောင်ချစ်တာမို့ ညီငယ်လေးတစ်ခုခုဆိုသည်းသည်းလှုပ်ပင်...
အခုလည်း တစ်ဂျီဂျီလုပ်နေတဲ့ ညီငယ်ကြောင့်KyungSooအလုပ်မသွားဖို့စဉ်းစားလိုက်ပေမဲ့လည်း အရေးကြီးပုဂ္ဂိုလ်တွေလာမှာမို့ ကိုယ်တိုင်မှမသွားရင် မလေးစားရာကျမည်ကိုစိုးနေရသည်
ညီငယ်အခြေအနေကိုသေချာကြည့်ကာ သွားလို့ရနိုင်သည်မို့လည်း သွားဖို့ကိုဆုံးဖြတ်ရပြီး လိုတာမှန်သမျှကိုမှာထားခဲ့လေသည်။

HE'S ✓Where stories live. Discover now