HE'S . 26

2.5K 351 32
                                    

[Unicode + Zawgyi]

အစ်ကိုတွေဆီကသဘောတူညီချက်ရပြီးတာလည်းဖြစ်တဲ့အတွက် Baekhyunမှာအိမ်ပြန်ချင်ပြန် မပြန်ရင်Chanyeolတိုက်ခန်းမှာနေဖြစ်သည်။
ညအိပ်ယာဝင်ချိန်တိုင်း Chanyeolဖက်ထားပေးလို့ရနေတဲ့ကိုယ်ငွေ့ကိုBaekhyunသဘောကျနေပြီး Chanyeolရင်ခွင်ထဲနေရမှ ကောင်းစွာအိပ်ပျော်သွားတတ်သည်။
တစ်ပတ်မှာအနည်းဆုံး၃ရက်လောက်ကChanyeolတိုက်ခန်းမှာနေဖြစ်ပြီး အိမ်ပြန်တဲ့ရက်တွေဆိုရင် Chanyeolဖက်ထားပေးမှကောင်းစွာအိပ်ပျော်နိုင်တဲ့အကျင့်ကို ရသွားတဲ့Baekhyunက တနည်းမဟုတ်တနည်းနဲ့ Chanyeolကိုရစ်တတ်သည်။
ဒါကို Chanyeolကအထူးတလည်လုပ်မနေဘဲ Baekhyunအလိုကျလိုက်လျောပေးသည်။
အများဆုံးကတော့ Chanyeolပင်ပန်းသည်ဖြစ်စေ.. မပင်ပန်းသည်ဖြစ်‌စေ Video callတစ်ခုနဲ့ Chanyeolဘာလုပ်နေသည်ကို တဖက်ကနေBaekhyunက အိပ်မပျော်မချင်းကိုကြည့်နေတတ်သည်။
Chanyeol Night Dutyရှိလည်း ခဏနားရသည့်အချိန်အထိကိုစောင့်နေတတ်ပြီး Chanyeolလုပ်နေပုံအကုန်ကိုBaekhyunက တိတ်တိတ်လေးကြည့်နေပြီးမှ အိပ်သည်။
Night Dutyရှိတဲ့ရက်တွေဆို အပင်ပန်းဆုံးဖြစ်ပေမဲ့လည်း Chanyeolကသူ့ရဲ့တည်ငြိမ်နေတဲ့ပုံရိပ်ကိုပျောက်မသွားအောင်နေသည်မို့ Baekhyunမျက်လုံးထဲမှာ Chanyeolပြောင်းလဲသွားတာတွေကိုမမြင်နိုင်ဘူး။

တခြားလူတစ်ယောက်ရဲ့ထိန်းချုပ်ခြင်းခံရတာကို အသာတကြည်လက်ခံပေးဖို့Chanyeolဆိုတဲ့လူကမဖြစ်နိုင်ဘူး။
Baekhyunကတော့ချွင်းချက်အနေနဲ့ Chanyeolမှာ မရ ရတဲ့အချိန်ကိုဖဲ့ပေးသည်။
စိတ်ရှုပ်တယ်လို့တချက်မတွေးမိဘဲ Baekhyunဘယ်လိုပဲရစ်လာလာ အကုန်လုပ်ပေးတတ်သည်။
ထိုသည်ကBaekhyunကို ပိုဆိုးသွားစေသည်လားမသိအောင်ကို Baekhyunဘာလုပ်လုပ် Chanyeolက လိုက်ကန့်ကွက်နေတာမျိုးမရှိဘူး။
ဒါပေမဲ့ အားလုံးကိုလက်ခံထားပေးခြင်းကBaekhyunကိုထိခိုက်နိုင်တာမျိုးရှိမလာသရွေ့ပဲဖြစ်သည်။

Baekhyunအိပ်ပျော်သွားတာသေချာပြီဆိုရင် Chanyeolကိုယ်တိုင် အစ်ကိုတစ်ယောက်ယောက်ဆီကိုဖုန်းဆက်ပြီး ကျန်းမာရေးကိုထိခိုက်စေတဲ့ဖုန်းကိုသိမ်းပေးဖို့နဲ့ Baekhyunအိပ်တာအဆင်ပြေအောင် လှမ်းပြောရသည်။
အစ်ကိုတွေကတော့ အကဲပိုနေတဲ့နှစ်ယောက်ကို ကြည့်မရဖြစ်လာပေမဲ့လည်း ညီငယ်လေးကိုဂရုစိုက်ပေးတဲ့ ရွေးချယ်ထားရာအမျိုးသားကို တိတ်တဆိတ်အမှတ်တွေပေးနေလေသည်။

HE'S ✓Where stories live. Discover now