HE'S . 5

3K 400 2
                                    

[Unicode + Zawgyi]

ဆေးရုံကပြန်လာလို့ခဏနားပြီးချိန်တိုင်း Baekhyunအခန်းထဲမှာ Chanyeolကစာရှင်းပြပေးပြီးမှပဲ အိပ်ယာဆီကိုဝင်ဖြစ်သည်။
တစ်အိမ်ထဲနေသည့်အပြင်ကပ်လျက်အခန်းမို့ညည့်နက်နက်သွားရသည်ကလည်းများသည်။
စီနီယာMinSeokတို့ညီအစ်ကိုတွေရဲ့ထပ်ကာထပ်ကာအကူအညီတောင်းမှုတွေကြောင့် Chanyeolသေချာလေးပဲ Baekhyunအပေါ်ဂရုစိုက်ပေးသည်။

အမြဲလိုပြုံးရယ်နေတဲ့အဆိုးလေးက Chanyeolတစ်ခွန်းဆိုတစ်ခွန်းမို့ သင်ကြားရတဲ့အခါ အဆင်ပြေသည်လည်းဆိုရမည်ဖြစ်သည်။

သို့ပေမဲ့ အဆိုးလေးကပေးထားတဲ့နာမည်နဲ့လိုက်အောင်ကို တစ်ခါတစ်ခါကြလည်းပြော၍မရ လုပ်ချင်တာကိုသာလုပ်ပြန်သည်။

အစ်ကိုတွေကလည်း အလိုလိုက်ပြီးလုံးဝလွှတ်ထားတာမဟုတ်ဘဲ တစ်ယောက်တစ်မျိုးဆီနဲ့ ချုပ်ချယ်ကြတာတောင် အဆိုးလေးကရအောင်ဆိုးသည်ကိုလည်းသိရသည်။
စာရှင်းပြတိုင်းခေါင်းတညိပ်ညိပ်နဲ့ သေချာလိုက်နားထောင်ပြီး သေချာလိုက်မှတ်ထားတတ်တဲ့ အဆိုးလေးက ဘာလို့စာမေးပွဲတွေခဏခဏကျပြီး အခုလိုဆိုးနေရတာလဲကို သံသယဝင်ရပြန်သည်။

"မင်းကစာကိုသေချာလုပ်ရင်ရရဲ့သားနဲ့ ဘာလို့ခဏခဏကျနေရတာလဲ"

Baekhyunက ထုံးစံအတိုင်းခုံပေါ်လက်သီးဆုပ်လေးတင်ကာ မေးစေ့ကိုထိုအပေါ်တင်ထားလာပြီး မေးလာတဲ့Chanyeolကိုကြည့်နေတော့သည်။

အခုလိုကြည့်သည်မှာ စာသင်ပေးတဲ့ညတိုင်းလိုလိုဖြစ်နေကြမို့ အစကတော့မလုပ်ဖို့ပြောပေမဲ့လည်း ဘယ်လိုပြောပြောမရတဲ့အဆိုးလေးကို Chanyeolလည်းဘာမှပြောမနေတော့ဘဲသင်စရာရှိတာသာသင်ပေးသည်။
ထိုသည်ကို အဆိုးလေးကတော့ //ငါညအိပ်ရင်အိပ်မက်လှလှမက်အောင် မင်းမျက်နှာလေးကိုငါScanဖတ်နေတာ‌\\ တာဆိုပြီးကြည့်သည်တဲ့လေ..

"Chanyeolဆိုတဲ့မင်းကြောင့်ပေါ့.. မင်းကအခုလိုစာတွေရှင်းပြပေးနေတော့ ငါကသေချာလိုက်လုပ်ရတာပေါ့"

Chanyeolတစ်ချက်သာကြည့်လာပြီး လက်ထဲကစာအုပ်ကိုဆက်ဖတ်နေတော့ Baekhyunကလည်းဆက်ကြည့်နေသည်။

"ငါ မင်းကိုချစ်တယ်Chanyeol"

စာဖတ်နေရင်းကနေ ရုတ်တရက်ပြောလာတဲ့Baekhyunစကားကြောင့် Chanyeolအံ့ဩသွားရပြီးကြည့်လာတော့ Baekhyunကပြုံးပြနေသည်။

HE'S ✓Where stories live. Discover now