HE'S . 17

3.3K 360 6
                                    

[Unicode + Zawgyi]

လိုချင်လွန်းတဲ့အချစ်အားရရှိပြီးနောက်မှာ ပျော်လို့ပင်မဆုံးနိုင်အောင်ယုံနိုင်ဖို့ခက်ခဲလွန်းခဲ့တာကြောင့် ဘယ်လောက်ကြာသွားလဲမသိအောင်ကို သူ့ကိုဖက်ထားရင်းငိုချမိခဲ့သည်။

ငိုလို့ဝမှ ပေကျံနေတဲ့Chanyeolအင်္ကျီကိုကြည့်မိပြီး အတော်လေးအားနာသွားရပေမဲ့ ရှက်မိသွားတာကြောင့် မျက်နှာတစ်ခုလုံးရဲတက်သွားခဲ့ရသည်။

ထို့ပြင် သူ့အင်္ကျီကိုဝတ်ပြီး သူ့ရှေ့တည့်တည့်သွားနေမိသည်ကလည်း မျက်နှာပူပြီးညာလို့လည်းမရပြန်ဘူး
ပြောစရာစကားလုံးတွေရှာမရတော့လို့ ငိုနေလျက်နဲ့ ရယ်ပြခဲ့ရတဲ့ ကိုယ့်ရုပ်ကဘယ်လိုတောင်ကြည့်ရဆိုးနေခဲ့မည်မသိ.. Chanyeolရဲ့အကြာကြီးကြည့်ရယ်နေရခြင်းကိုခံခဲ့ရသည်။

ထိုနေ့က မေ့လိုမရတဲ့ပျော်ရွှင်စရာအဖြစ်အပျက်တစ်ခုအဖြစ် ပြန်တွေးမိတိုင်း Baekhyunသဘောကျနေရသည်။

"မင်းကဒီမှာဘာလုပ်နေတာလဲ"

Chanyeolရဲ့ဦးဆောင်မှုနောက်ကို Baekhyunမရမကလိုက်ခဲ့ပြီး ကျောင်းဆင်းခါစ ဆရာဝန်လောင်းတို့သည် ဘာမှသိပ်မသိသေးတဲ့လက်တွေ့အခြေအနေတွေကြောင့် တခြားသူတွေကစိတ်လျော့အားငယ်စိတ်တွေဝင်နေကြသော်လည်း Baekhyunကတော့ ပြုံးနေတာကအချိန်ပြည့်လိုဖြစ်နေခဲ့သည်။

Chanyeolဝန်မခံပေမဲ့ Baekhyunကိုမျက်စိအောက်ကအပျောက်မခံခဲ့ဘူး

သင်ပြစရာတွေကို ဂျူနီယာတွေဆီပြ‌သပေးချိန်လည်း Baekhyunကိုအာရုံမပျက်ရှိသည်။

ဒါကြောင့်လည်း Baekhyunကိုမတွေ့တဲ့အချိန်ခဏလေးမှာတောင် နေရာအစုံလိုက်ရှာပြီးမှ တောင်ကမို့တစ်ခုရဲ့ထိပ်မှာထိုင်နေတဲ့ Baekhyunကိုမြင်တော့ စိုးရိမ်စိတ်နဲ့အတူ ငေါက်မိသွားသည်။

"Chanyeol.."

Chanyeolရဲ့ အောက်ငေါက်မှုမျိုးကချစ်သူတွေမဖြစ်ခင်တုန်းက စိတ်မကောင်းဖြစ်ရပေမဲ့လည်း ချစ်သူတွေဖြစ်ပြီးနောက်မှာတော့ Chanyeolဆီကဘယ်လိုအော်ငေါက်မှုမျိုးမဆို Baekhyunကတပြုံးပြုံးနဲ့ သဘောပင်ကျနေသေးသည်။

"ဒီနေရာကအရမ်းလှတာပဲ
လာ လာ ငါ့အနားလာပြီး ကြည့်..

ငါတို့တိမ်တွေပေါ်ရောက်နေသလိုပဲ
ငါဒီနေရာလေးကိုတွေ့ထားတာမကြာသေးဘူး
မင်းကအလုပ်တွေရှုပ်နေတော့ ငါကမပြောသေးတာ
ညဘက်ဆို ဒီနေရာကနေကောင်းကင်ကြီးကိုကြည့်ရင်အရမ်းလှနေမှာ"

HE'S ✓Where stories live. Discover now