HE'S . 27

2.4K 339 20
                                    

[Unicode + Zawgyi]

Chanyeolခရီးသွားမယ်ဆိုတာသိလိုက်ကတည်းက Baekhyunအိမ်မပြန်ဘဲ Chanyeolတိုက်ခန်းမှာလာနေသည်။
တစ်နေ့လုံးဆေးရုံမှာအလုပ် လုပ်ခဲ့ရလည်း ညဘက်တော်တော်နဲ့မအိပ်ဖြစ်ကြဘဲ Chanyeolကလိုအပ်တာတွေပြင်ဆင်နေချိန်ဆို Baekhyunကဘေးမှာထိုင်ပြီးကြည့်နေတတ်သည်။
Chanyeolစာဖတ်နေတဲ့အချိန်ရောက်ရင်တော့ Baekhyunကပွတ်သီးပွတ်သပ်လုပ်ပြီး စကားမပြောဘဲအနားမှာလိုက်ကပ်နေတတ်သည်။

အခုလည်းစာဖတ်နေတဲ့Chanyeolကို နောက်ကနေသိုင်းဖက်ထားပြီး ပုခုံးပေါ်မေးတင်ထားကာငြိမ်နေလေသည်။

"မအိပ်သေးဘူးလား"

ညည့်နက်နေလည်းBaekhyunကအိပ်ယာမဝင်သေးဘဲ အနားမှာကပ်နေသေးတာကြောင့် Chanyeolဖတ်လက်စ စာအုပ်ကိုချကာမေးသည်။

"ဟင့်အင်း.. မင်းကမနက်ဖြန်ခရီးသွားမှာကို ငါဘယ်လိုလုပ်အိပ်ပျော်မှာလဲ
မင်းမအိပ်သေးဘူးဆိုငါကဒီတိုင်းပဲနေမှာ"

Chanyeol Baekhyunလက်ကနေအသာဆွဲကာ ဘေးကိုလာစေတော့ BaekhyunကChanyeolကိုယ်ပေါ်ဝင်ထိုင်လိုက်ပြီး ပုခုံးပေါ်မှီထားနေသည်။

"မင်းတကယ်ဆိုးတာပဲ"

ရုတ်တရက်ဆိုသလိုChanyeolမှာစာအုပ်တောင်လွတ်ကျသွားပြီး ကိုယ်ပေါ်ရောက်လာတဲ့Baekhyunကို ပြုတ်မကျအောင် အမြန်ထိန်းထားလိုက်ရသည်။

"မနက်ဖြန်လည်းပင်ပန်းမှာကို စာတွေကိုအရမ်းဖတ်နေတာက အခုထိအနားမယူသေးဘူးလား"

"အခုနားပြီ.. အိပ်ကြမယ်"

"ချီသွား.. လမ်းမလျှောက်ချင်ဘူး.. မင်းချီသွားတာခံချင်လို့"

လည်တိုင်တွေကိုသိုင်းဖက်ထားပြီး ‌‌ပုခုံးတွေဆီမှီထားတာလျော့မသွားတဲ့Baekhyunကိုကြည့်ရင်း Chanyeolပြုံးလိုက်ကာ အိပ်ဖို့အတွက်ချီသွားပေးသည်။

"ငါ့ကိုဖက်ပြီးအိပ်"

ကုတင်ပေါ်ချပေးလိုက်တာတောင် သိုင်းဖက်ထားတဲ့လက်တွေမဖြုတ်ဘဲနေသေးတာနဲ့ Chanyeol Baekhyunကိုသေချာကြည့်နေလိုက်သည်။

"မင်းနေကောင်းတယ်မလား"

အရမ်းကိုပိုကဲနေတဲ့Baekhyunရဲ့ လက်တွေကို ဖြုတ်လိုက်ပြီး Chanyeolစမ်းသပ်ကြည့်တော့လည်းအကောင်းမို့ စိတ်ထဲပေါ်လာတာမေးလိုက်တဲ့အခါ Baekhyunကစူပုတ်ပြီးကြည့်လာသည်။

HE'S ✓Where stories live. Discover now