HE'S . 36

2.1K 280 14
                                    

[Unicode + Zawgyi]

"Party!!..!! .. . ???"

MinSeokက WuYiFanပြန်လာတာကိုကြိုဆိုတဲ့ပွဲလေးလုပ်ပေးချင်တာအပြင် ညီငယ်ဆုံးလေးရဲ့မင်္ဂလာအချိန်လေးကရှိလာခဲ့တာမို့ နှစ်ယောက်လုံးအတွက် တစ်ခါတည်းဖြစ်သွားအောင် ညဘက်မှာခြံဝန်းထဲ အသေးစားPartyပွဲလေးလုပ်ဖို့ကို စိတ်ကူးမိသွားတဲ့အတိုင်းပြောလာတဲ့အခါ ညီငယ်တွေအကုန်က အံ့ဩတကြီးဖြစ်သွားကြသည်။

"ကိုကိုကြီးက.. ဒါမျိုးတွေစိတ်မဝင်စားပါဘူး..
အခုမှထူးထူးဆန်းဆန်းကြီး "

"အဲ့လိုဖြစ်သွားတာလား"

LuHanပြောလာတာကို ရယ်ရယ်မောမောနဲ့ပြန်ပြောလာတဲ့ အစ်ကိုကြီးMinSeokကိုကြည့်နေကြရင်း ညီငယ်တွေကရယ်လာကြသည်။

"YiFanပြန်ရောက်လာတော့ကြိုဆိုပွဲလေးလုပ်မလားလို့ကို ဟျွန်းငယ်ရဲ့မင်္ဂလာအချိန်လေးလည်းရှိသွားတော့ မြန်မြန်စီစဉ်မိသွားတာ"

"ကိုကိုကြီး ကျွန်တော်ကတော့သဘောတူတယ်"

"ကျွန်တော်ကောပဲ.."

"ဟျွန်းငယ်လည်းသဘောတူတယ်.. ဟီးဟီး"

KyungSooစကားနောက် အကုန်လုံးကလက်ခံလာတဲ့အခါ MinSeokကအပြုံးမပြတ်နဲ့ Chanyeolကိုကြည့်မိသွားတော့ Chanyeolက ပျော်နေတဲ့Baekhyunကိုကြင်ကြင်နာနာနဲ့ပြုံးပြီးကြည့်နေတာတွေ့သည်။

"ဟျွန်းငယ်.. ဒါဆိုမနက်ဖြန်ညကျရင် အိမ်ပြန်ခဲ့
ပြီးတော့ .. နှစ်ယောက်လုံးပဲဖိတ်ချင်တဲ့သူတွေဖိတ်ခဲ့
ခပ်ကျဉ်းကျဉ်းပဲဆိုတော့.. ရင်းနှီးတဲ့လူလောက်ပဲပါမှာပါ
ပျော်ပျော်ရွှင်ရွှင်ပေါ့..
ဒါနဲ့ ဟျွန်းငယ်တို့ကဒီမှာမအိပ်ဘူးမလား..
အရမ်းမမှောင်ခင်ပြန်ကြတော့
ကားကိုဖြေးဖြေးမောင်းသွားကြ"

"ကိုကိုကြီး.."

Baekhyun Chanyeolဘေးနားမှာထိုင်နေရာကထလာခဲ့ပြီး MinSeokကိုဖက်ထားပြန်သည်။

"ဟျွန်းငယ်တို့ကိုအများကြီးချစ်ပေး.. အများကြီးတွေးပေးလို့ကျေးဇူးတင်ပါတယ် ကိုကိုကြီး..
ဟျွန်းငယ်ကိုကိုကြီးကိုအများကြီးချစ်တယ်..
ကိုကိုကြီး ကိုလတ် ကိုလေး တို့နဲ့ ညီအစ်ကိုတွေပဲအမြဲဖြစ်ကြမယ်နော်

HE'S ✓Tempat cerita menjadi hidup. Temukan sekarang