🚨

5.2K 351 28
                                    

[Unicode + Zawgyi]

ညအိပ်ချိန်ရောက်တော့ Baekhyun Chanyeolတိုက်ခန်းမှာလိုက်နေဖြစ်ပြီး Chanyeolကအိပ်မောကျနေပေမဲ့ Baekhyunမှာ အိပ်မက်ထဲပြန်ပြန်မြင်ယောင်တဲ့JaeHoရဲ့ပုံစံတွေကြောင့် မအိပ်ဘဲမျက်လုံးများဖွင့်ထားသည်။
Chanyeolကို နိုးဖို့ကြံရွယ်လိုက်ပေမဲ့လည်း ဒီရက်တွေထဲအလုပ်တွေအများကြီးလုပ်ထားရလို့ ပင်ပန်းနေမယ်ဆိုတဲ့အသိကြောင့် Baekhyun Chanyeolကိုမနှောက်ယှက်ချင်ဘူး။
Chanyeolငြိမ်ငြိမ်လေးအိပ်နေတာကို နိုးမသွားအောင်လို့Baekhyunဖြေးဖြေးချင်းထလာကာအခန်းအပြင်ထွက်သွားပြီး ရေသောက်နေသည်။

Baekhyunစိတ်တွေကကိုယ်နဲ့ကပ်မနေတော့ဘဲ သွေအိုင်ထဲလဲနေတဲ့ JaeHoကို ထင်ယောင်ထင်မှားမြင်ပြီး လက်ထဲကရေခွက်ပြုတ်ကျပြီးကွဲသွားတော့သည်။

"မဟုတ်ဘူးBaekhyun.. ဒါကChanyeolဆီမှာ
အားလုံးပြီးသွားပြီ လုံးဝပြီးသွားပြီ
JaeHoကလည်း သေသွားပြီ
ငါလုပ်တာမဟုတ်ဘူး
သူပါ့သူပြုတ်ကျသွားတာ
ငါမြင်နေတာတွေလည်းမဟုတ်ဘူး
ငါ့စိတ်ကြောင့်.. ငါ့စိတ်ကြောင့်ဖြစ်နေတာ
လိုက်မတွေးနဲ့
ပြီးသွားပြီလေ"

Baekhyun ကိုယ့်စိတ်ကိုပြန်ထိန်းနေကာ တည်ငြိမ်သွားတဲ့အခါမှ ဖန်ကွဲစတွေကိုကောက်ဖို့ထိုင်လိုက်သည်။

"မလုပ်နဲ့ ထားလိုက်"

Chanyeol အသံကြားလိုက်တာနဲ့နိုးလာခဲ့ပြီး ဘေးမှာBaekhyunကိုမတွေ့တာနဲ့ ချက်ချင်းပဲထလာခဲ့သည်။
Baekhyunကိုမြင်တော့.. ဆက်ကြည့်နေလိုက်ပြီး ဖန်ကွဲစတွေကိုထိတော့မယ်ဆိုမှ မနေနိုင်စွာတားသည်။
Baekhyun Chanyeolကိုသူ့ကြောင့်နိုးသွားပြီဆိုတဲ့စိတ်နဲ့ အားနာစွာကြည့်နေတော့ Chanyeolက ထိုင်နေတဲ့Baekhyunအနားလျှောက်ကာ တွဲထူသွားပြီး ဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်သည်။

"ဘယ်နားထိခိုက်မိသွားသေးလဲ"

Baekhyunခေါင်းခါပြတော့ Chanyeolက နဖူးကိုညှင်ငါသာစွာနမ်းလိုက်သည်။

"ဘာမှလိုက်မတွေးဘဲထိုင်နေ.. ငါရှင်းပေးမယ်"

Chanyeolဖန်ကွဲစတွေကိုရှင်းနေတဲ့အချိန် Baekhyunကဆိုဖာကိုမှီပြီး တသွေမတိမ်းလိုက်ကြည့်နေသည်။
Chanyeolကအားလုံးပြီးလို့အနားလာထိုင်တဲ့အခါ Baekhyunက Chanyeolကိုယ်ပေါ်ခွတက်လာပြီ ဖားလေးလိုပဲကပ်နေတော့သည်။
Chanyeolလည်း Baekhyunကိုအဆင်ပြေအောင်ထားပြီး ဖက်ထားပေးလိုက်သည်။

HE'S ✓Where stories live. Discover now