HE'S . 3

3.3K 457 3
                                    

[Unicode + Zawgyi]

နေ့တိုင်းဟွားလဲ့ဆေးရုံဆီရောက်ဖြစ်နေတဲ့Baekhyunက Chanyeolဘာသောက်တတ်တယ်..ဘာစားတတ်တယ် စတာတွေကိုသိနေပြီးဖြစ်သည်။

‌နံနက်တိုင်းChanyeolရဲ့ခုံပေါ်မှာ Hot Americanoတစ်ခွက်ကရောက်ရောက်နေတတ်ပြီး နေ့ခင်းထမင်းစားပြီးချိန်လောက်တွင် Iced Americanoတစ်ခွက်ကလည်းရောက်ရှိနေတတ်သည်။

နေ့လယ်စာစားဖြစ်တဲ့စားသောက်ပွဲတွေကလည်း‌ငွေရှင်းပြီးသားတွေဖြစ်နေတတ်သေးသည်ကိုသတိထားမိလာပေမဲ့ Chanyeolကအထူးတလည် ဘယ်သူဖြစ်နေမလဲကိုသိလည်းမသိချင်သလို လိုက်လည်းမမေးခဲ့ဘူး။
ထပ်ပြီးဖြစ်မလာအောင်သာ ကောင်တာကိုမှာထားလေသည်။
ဒါပေမဲ့လည်း ၂ပတ်လောက်ရှိပြီဆက်ဖြစ်နေတုန်းပါပဲ..
ဒါ့အတွက်နဲ့ JunMyeonရဲ့စနောက်ခြင်းကိုခံရပေမဲ့လည်း အာရုံထဲသိပ်မထည့်ခဲ့ဘူး

ဒီနေ့တော့ စားပြီးပြီးချင်းကိုယ့်ရဲ့နားနေရာဆီပြန်လာခဲ့တော့ အရင်လိုIced Americanoခွက်ကမရောက်သေးတော့အမြဲမသိအောင်ပဲလာလာပို့တတ်တဲ့ထိုလူကိုမိတော့မဲ့အပြုံးမျိုး Chanyeolပြုံးမိသွားသည်။

"ဟျွန်းငယ်.. ဒီမှာဘာလုပ်နေတာလဲ.. စာကြည့်တိုက်မှာရှိရမှာဟုတ်ဘူးလား"

ဒီနေ့နည်းနည်းနောက်ကျသွားတဲ့အတွက် Chanyeolကသူနားတဲ့နေရာဆီပြန်ရောက်နေတဲ့အခါ Baekhyunလက်ထဲကIced Americanoခွက်ကိုင်လျက် ဝင်ရနိုးနိုး.. ပြန်လှည့်ရနိုးနိုးဖြစ်နေသည်။
ထိုအချိန်မှာပဲ အနောက်ကနေကြားလာရတဲ့အသံကြောင့် လက်ထဲကခွက်တောင်ပြုတ်ကျတော့မတတ်.. လန့်သွားခဲ့ရသည်။

"ကိုကိုကြီး.. ဟို..ဟိုလေ"

Chanyeolလည်းအပြင်ဘက်ကအသံတွေကြောင့် ထိုင်နေရာကထွက်လာတဲ့အခါ ရဲတင်းလွန်းတဲ့ကောင်လေးနဲ့ သူ့ရဲ့စီနီယာDr.MinSeokတို့ကိုတွေ့လိုက်ရသည်။

ဒီရက်တွေမှာသူရှိတဲ့နေရာတိုင်းလိုလို..အမြဲတွေ့နေရတတ်တဲ့ထိုကောင်လေးက တွေ့မိတိုင်းလှိုက်လဲစွာပြုံးပြ‌လာပေမဲ့လည်း အမြဲလိုလိုဖြီးနေတဲ့မျက်နှာတစ်ခုကြောင့် Chanyeolကြည့်မရ..
အခုလည်း စီနီယာဖြစ်တဲ့အစ်ကို‌တစ်ယောက်ကိုနှောက်‌ယှက်နေပြန်ပြီးလားဆိုတဲ့အသိက ပို၍ပင်စိတ်ရှုပ်ရသည်။

HE'S ✓Kde žijí příběhy. Začni objevovat