HE'S . 6

3K 386 2
                                    

[Unicode + Zawgyi]

ညကဘယ်လိုအိပ်ပျော်သွားလဲမမှတ်မိ သေချာတာကတော့ငိုရင်းနဲ့မောပြီးအိပ်ပျော်သွားခြင်းသာဖြစ်ရမည်။ အခုအိပ်ယာကနိုးလာတော့ မှောင်နေသေးသည်ကမိုးမလင်းသေးတာကိုသိစေသည်မို့ လက်ကစမ်းမိသည့်ဖုန်းနာရီဖွင့်ကြည့်တဲ့အခါ မနက်၄း၀၀ပဲရှိသေးသည့်အပြင် လက်ကတဆစ်ဆစ်ကိုက်နေတာနဲ့ Baekhyunဆက်အိပ်၍မရတော့..
အိပ်ယာကထလာကာ အိပ်မှုန်စုံဝါးနဲ့ထိုင်သည်။

"ကိုကိုကြီး!! ကိုလတ်!! ကိုလေးရေ!!"

Baekhyunတအီအီနဲ့ အော်ခေါ်နေပေမဲ့လည်းတိတ်ဆိတ်နေတဲ့အခြေအနေကသာကြိုဆိုနေခဲ့သည်။

"ကိုကိုကြီး!! ကိုလတ်!! ကိုလေးရေ!! ဟျွန်းငယ်ခေါ်နေတယ်လေ"

ဟင့်.. ဘယ်လိုတောင်အိပ်နေကြတာလဲ ငါ့အသံဒီလောက်ကျယ်တာကိုမကြားကြဘူးလား

Baekhyunကအသက်သာကြီးကြီးလာတာ တစ်ခုခုနေမကောင်းတာမျိုးဖြစ်ရလာရင် အကိုတွေအပေါ်အီတတ်သည်ကအကျင့်တစ်ခု

အခုလည်းခေါ်မရတဲ့အဆုံးစိတ်မကောင်းဖြစ်သွားတာနဲ့ဆက်ခေါ်မနေတော့ဘဲ အိပ်ယာပေါ်ကဆင်းလာကာ ဆေးသေတ္တာယူရန်အောက်ထပ်ကိုဆင်းလာခဲ့သည်။

"အိပ်ကြ.. အိပ်ကြ.. အကုန်အိပ်နေလိုက်ကြတော့"

ဆေးသေတ္တာနားထိုင်ကာ လက်ကိုဆေးပူလိမ်းပြီးပတ်တီးစည်းနေတော့ ပတ်တီးကလျော့တိလျော့ရဲဖြစ်ဖြစ်သွားရတာမို့ မရှည်ချင်တဲ့စိတ်လေးကဒေါသထွက်လာခဲ့သည်။

"ဟင့်.. ကိုကိုကြီး ကိုလတ် ကိုလေးရေ ဒီမှာလာကူပေးဦးလို့ တကယ်စိတ်တိုလာပြီ"

Baekhyunဒေါသထွက်ကာ မတိုးမကျယ်နဲ့နှုတ်ကရွတ်နေရင်းကနေ ဘေးမှာလာထိုင်တဲ့လူကို ရမ်းတော့မည်။

"ခေါ်နေတာကို ဘာလို့အခုမှလာတာလဲ..
နာနေပါတယ်ဆိုမှ ကိုကိုတို့ကလည်းအိပ်ပုတ်လိုက်တာ
တကယ်စိတ်တိုတယ်"

ဘေးကလူကပြုံးလိုက်ပြီး လက်ကပတ်တီးကိုစည်းပေးနေတော့ စိတ်ဆိုးနေပုံBaekhyunက မကြည့်ဘူးဆိုတဲ့ပုံနဲ့ လက်ကိုထိုးပေးထားကာ မျက်နှာကိုတစ်ဖက်လှည့်ထားသည်။

HE'S ✓Where stories live. Discover now