HE'S . 4

3.1K 441 4
                                    

[Unicode +Zawgyi]

နေ့Dutyဖြစ်သည့်ဒီနေ့မှာတော့ စားချိန်ကလွဲရင်တစ်နေ့လုံးအနားမရဘဲလူနာတွေကိုကြည့်လိုက် လူနာရှင်တွေနဲ့ဆွေးနွေးလိုက်နဲ့အလုပ်ရှုပ်နေခဲ့ပြီး နာရီပြန်ကြည့်‌မိတော့.. ညနေ၆နာရီစွန်းစွန်းရှိနေလေပြီ..

နေ့ခင်းကစားပြီးပြီးချင်း သောက်နေကျ Iced Americanoတောင်မသောက်လိုက်ရ‌တာနဲ့ပဲ Chanyeolအားသွားတဲ့အချိန်လေးကို Iced Americanoသောက်ရင်းဆိုင်မှာထိုင်နားနေလိုက်သည်။

"Chanyeolနားချိန်လား ..ကော်ဖီခွက်နဲ့ဒီမှာလာနှပ်နေတယ်ပေါ့"

Chanyeolပြုံးလိုက်ကာ အနားမှာလာထိုင်တဲ့JunMyeonကိုကြည့်လာသည်။

"ညDutyမရှိတော့ မင်းရဲ့ပါးပါးနဲ့မားမားဆီပြန်မှာလား ကွန်ဒိုမှာပဲအချိန်ကုန်မှာလား"

အချိန်တွေကြာလာတဲ့ခင်မင်မှုတွေကြောင့် သူ့မိဘကိုယ့်မိဘရယ်မဟုတ်ဘဲမိသားစုတွေလိုဖြစ်နေပြီး အားလုံးရဲ့မိဘတွေကဒီလူဒီလူတွေအကုန်ကို ကိုယ့်ဝမ်းနဲ့လွယ်မွေးထားရသလို သားသမီးအရင်းတွေဖြစ်နေကြသည်မို့ တစ်ယောက်မဟုတ်တစ်ယောက်ရောက်ရောက်လာတိုင်းပျော်ရွှင်ကြရသည်။
ဒါကြောင့်လည်း အပတ်တိုင်းကို တစ်ယောက်မဟုတ်တစ်ယောက်ကတော့ တစ်အိမ်အိမ်ကမိဘတွေဆီအမြဲရောက်ကြသည်။

Chanyeolဘာမှမပြောသေးဘဲ ကော်ဖီကိုတစ်ငုံသောက်လိုက်သည်။

"ဒီညပြန်ရင် ကျွန်တော်က စီနီယာMimSeokအိမ်လိုက်သွားမလို့ Hyung"

"ဟင်.. ဘာလို့လဲ"

Chanyeolက မိဘအိမ်ကိုပြန်ရင်ပြန်မပြန်ရင် ကွန်ဒိုမှာပဲအချိန်ကုန်တတ်တဲ့သူမို့ သူစိမ်းတစ်ယောက်အိမ်ကိုလိုက်သွားမည်က JunMyeonအတွက်အတော်လေးထူးဆန်းနေသည်။

"စီနီယာMinSeokက ဆေးကျောင်းကိုအမြစ်တွယ်အောင်တက်နေတဲ့သူ့ရဲ့ညီလေးအတွက် စာသင်ပေးဖို့တောင်းဆိုလာတာ.. စီနီယာMinSeokက ကျွန်တော်တို့ဒီလမ်းကြောင်းပေါ်လျှောက်လျှောက်ချင်းမှာအများကြီးကူညီပေးထားဖူးတယ်လေ.. ဒါကြောင့် စီနီယာကလိုအပ်လို့အကူအညီတောင်းလာတော့လည်း လုပ်နိုင်တာလေးကိုကျွန်တော်လည်းနည်းနည်းလောက်ပြန်လုပ်ပေးမလားလို့"

HE'S ✓Место, где живут истории. Откройте их для себя