HE'S . 13

2.8K 362 2
                                    

[Unicode + Zawgyi]

စာမေးပွဲစဖြေတဲ့ရက်ကစပြီး ညဆိုရင် Dutyပြီးတာနဲ့Chanyeolက Baekhyunဆီရောက်လာပေးသည်။
အစ်ကိုတွေမသိအောင်လည်းအပူလောင်ဒဏ်ရာကိုကြည့်ပေးရသည်။
သူငယ်ချင်းတွေကလည်းအတူတူဝိုင်းပြီးဖုံးပေးထားတာမို့ အစ်ကိုတွေက Baekhyunအပူလောင်ဒဏ်ရာရထားတာကိုနည်းနည်းမှမသိကြဘူး။

Baekhyunမှာ စာမေးပွဲခန်းထဲလက်နာလာရင်စိတ်တိုပြီးဒေါသထွက်ရပေမဲ့ Chanyeolရှေ့ရောက်ရင်တော့ ဖုံးဖိမရအောင် နာတာကိုပင်ပျော်နေရလေသည်။

"Chanyeol.. ငါဒီနေလည်းဖြေနိုင်တယ်သိလား"

စာမေးပွဲဖြေပြီးတိုင်း ဖြေနိုင်လားလို့ဂရုတစိုက်မေးလာသံကို Chanyeolဆီကကြားချင်နေပေမဲ့ Chanyeolကဘယ်တုန်းကမှမေးခြင်းမရှိဘဲ စာပြစရာရှိတာပြပြီးရင်ဒဏ်ရာကိုကြည့်ပေး ဒါတွေနဲ့ပဲအချိန်‌အားလုံးကုန်ဆုံးလေ့ရှိတာမို့ ဒီကနေ့တွင်တော့Baekhyunဘက်ကပဲ စပြောလိုက်တော့သည်။

Chanyeolနဲ့ရှိချိန်တိုင်းBaekhyunပျော်နေရပြီး ရင်ခုန်နေရတာရူးမတက်ပေမဲ့ Chanyeolဘက်ကတုံ့ပြန်မှုတွေက Baekhyunကို စိတ်မကောင်းဖြစ်သွားသည်ကများသည်။

"အင်း"

ဘာ အင်း လဲ.. တကယ်ပါပဲ..

နည်းနည်းပါးပါး ငါနားထောင်လို့ကောင်းအောင်ပြန်ပြောပါလား

မင်းသာငါ့ကို ဖြေနိုင်လားလို့မေးရင်ငါအရမ်းပျော်မိမှာကို

ငါကိုယ်က မင်းရဲ့ဂရုစိုက်တာကိုတော်တော်ခံချင်နေတာ

မင်းကတော့ အေးတိအေးစက်နဲ့

ငါ့ကိုနည်းနည်းလောက်ပဲဖြစ်ဖြစ်ပြန်ချစ်ပေးပါလား Chanyeol-Ya..

"ဘာဖြစ်လို့လဲ"

Baekhyunစူပုတ်နေပြီးတိတ်နေတာကChanyeolကိုသတိထားမိသွားစေသည်။

"စိတ်မကောင်းဖြစ်သွားလို့"

"ဟမ်..??"

Baekhyunရဲ့စူစောင့်ပြီးထွက်လာတဲ့အသံကြောင့် Chanyeolမှာကြောင်သွားသည်။

"ဟုတ်တယ်လေ ငါစိတ်မကောင်းဖြစ်တယ်

ငါဒီလောက်ထိအများကြီးချစ်နေတာကို မင်းကနည်းနည်းတောင်ပြန်မချစ်လာဘူး

HE'S ✓Where stories live. Discover now