HE'S . 21

2.8K 357 19
                                    

[Unicode + Zawgyi]

ကျောင်းဆင်းစကျောင်းသားတွေအတွက် ဟွားလဲ့ဆေးရုံက အလုပ်အကိုင်အခွင့်အလမ်းများစွာပေးသည့်အလျှောက် အလုပ်သင်၊ လုပ်နေဆဲဝန်ထမ်းဆရာဝန်များ၊ တခြားသောသက်ဆိုင်ရာဌာနများရဲ့ဝန်ထမ်းများ စသည့်ကဏ္ဍအလိုက်ကို လေးစားမှုလည်း အထိုက်‌အလျှောက်ရှိကြသည်။
ထိုသို့ဖြင့် ဟွားလဲ့ဆေးရုံကို ဝင်ရောက်နိုင်ဖို့ကြိုးစားကြသည့်ဆရာဝန်လောင်းအမြောက်အများရှိပေသည်။
ထိုအထဲတွင်Baekhyunကတော့ တခြားသူတို့၏ရည်ရွယ်ချက်နှင့်ကင်းကွာကာ တစ်ဦးတည်းသောချစ်ရသူအနားရှိနေနိုင်ဖို့အတွက်
စာမေးပွဲရလဒ်ထွက်လာပြီးသည့်အခါတွင် ဟွားလဲ့မှာပဲအလုပ်ဝင်ရဖို့ကို အကိုတွေဆီမရရအောင်ပြောယူလေသည်။
ကိုယ်ကိုယ်တိုင်ဘက်က လိုအပ်တာတွေကိုလည်းကြိုးစားပြီးဖြည့်ဆည်းတာမို့ ရည်ရွယ်ရာ ဟွားလဲ့ဆေးရုံးမှာ အလုပ်လုပ်ခွင့်အသိအမှတ်ပြုခံရသည်။
အတူတက်ခဲ့တဲ့သူငယ်ချင်းတွေကတော့ ဝါသနာပါရာလမ်းတွေကို ကိုယ်ဆီလျှောက်နေကြပြီ။

Baekhyun အရင်လ‌ကလိုမျိုးChanyeolအနား လိုက်ကပ်နေရဖို့ဝေးစွာ.. ဆေးရုံဆီဝင်ခွင့်ရဖို့ လိုအပ်တဲ့အလုပ်တွေနဲ့ရှုပ်နေတာကြောင့် Chanyeolနဲ့မတွေ့ရသည်ကလည်း နယ်လှည့်အခမဲ့ဆေးကုသရေး အစီအစဉ်ပြီးဆုံးခဲ့သည့် နောက်နေ့ကစပြီးဖြစ်တာမို့ ကြာနေခဲ့ပြီ။
ဖုန်းနဲ့အဆက်အသွယ်လုပ်ရင်း နှစ်ခြိုက်လှသည့်သာယာသောချစ်ရသူအသံကိုညစဉ်ကြားရပေမဲ့လည်း Baekhyunမှာမတင်းတိမ်နိုင်.. အရမ်းကိုကြည့်ကောင်းပြီး သိပ်ချစ်ဖို့ကောင်းတဲ့ချစ်ရသူကို စိတ်ကမချဖြစ်နေသည်။

"Beakhyun မင်းကျောင်းပြီးမှပဲစာတွေ အရမ်းကြိုးစားနေတယ်‌ဆို"

မနက်ကတည်းကရောက်နေတဲ့Chenက ဂစ်တာခေါက်ရင်းပြောတာကို Baekhyunအာရုံရှိမနေ..
ဒီကနေ့တွင်လောလောလတ်လတ်တရားဝင်ဆေးကျောင်းဆင်းလေးများအတွက် ဟွားလဲ့ဆေးရုံမှာကြီးကြပ်ပေးဖို့ကို သက်ဆိုင်ရာSupervisorတွေခွဲလိုက်တာကြောင့် Chanyeolလက်အောက်ရောက်ဖို့က Baekhyunအတွက် လွန်စွာမှအရေးကြီးနေပေသည်။

"Baekhyun.. ငါ့ကိုအဖတ်လုပ်ဦးဟ"

"Chennieရာ.. ငါ့အပူနဲ့ငါပူလောင်နေတာ အိမ်လာပြီးဘာလာဖြစ်နေတာလဲ"

HE'S ✓Där berättelser lever. Upptäck nu