HE'S . 29

2.7K 358 14
                                    

[Unicode + Zawgyi]

Chanyeolပြန်လာမည့်နေ့..

ဒီနေ့မှာတော့ နိုးတာနဲ့Baekhyunတော်တော်လေးပျော်နေရသည်။
တစ်ညလုံးDutyချိန်ကိုဆင်းပြီးပြီဆိုပေမဲ့ ထပ်ရှိနေတဲ့Dutyချိန်ကြောင့် Baekhyunမှာအိပ်ချိန်နည်းလည်းစောစောထရသည်။
NightDutyဆို ပင်ပန်းမှာလို့ပြောပြီး အနားယူခိုင်းနေတဲ့Chanyeolကို သတိရမိသွားတော့ မနက်စောစောစီးစီးပြုံးနေရသေးသည်။

ဒါပေမဲ့လည်းဆေးရုံရောက်တဲ့အခါ Baekhyunရှိနေတဲ့နေရာကို မကောင်းသတင်းပြောတဲ့သူတွေကရောက်လာစမြဲပဲ။
Chanyeolပြောတဲ့အတိုင်း တခြားသူကိုဂရုမစိုက်ဘဲ လုပ်စရာရှိတာကိုလုပ်နိုင်ဖို့က Baekhyunအတွက်မလွယ်ဘူး။
Baekhyunဂရုမစိုက်ဖို့ကြိုးစားကြည့်လေလေ အပြစ်ပိုပြောခံ‌နေရသလိုပဲ။
လူနာတချို့ကကော ဘာလို့သူကုသပေးတာကိုမလိုလားကြတာလဲဆိုတာမစဉ်းစားနိုင်ခဲ့ဘူး။
ဒီလိုကြုံတွေ့ရတာတွေကြားထဲမှာBaekhyunစိတ်ညစ်လာခဲ့ရသည်။

Baekhyunစိတ်ရှုပ်နေတာမို့နေ့လယ်တောင်မရောက်ဘူး ဆေးရုံရဲ့အမိုးထပ်မှာလာထိုင်နေသည်။
ပူနေတဲ့နေလုံးကိုလျစ်လျူရှုကာ အရိပ်ရတဲ့နေရာမှာ စိတ်မပါစွာရှိနေခဲ့သည်။
တမနက်လုံး သည်းခံဖို့ကြိုးစားကြည့်ပေမဲ့လည်း အဆင်မပြေတာကြောင့် ခဏတော့အနားယူမှဖြစ်မယ်ဆိုတဲ့အတွေးနဲ့ Baekhyunတစ်ယောက်ထဲလာထိုင်နေခြင်းဖြစ်သည်။
JaeHoနဲ့လည်း Baekhyunအဆက်အဆံသိပ်မလုပ်ဖြစ်တော့ဘူး။

Chanyeolမရှိတဲ့အချိန်မှာအနားကိုရောက်လာပေးတတ်တဲ့JunMyeonကလည်း ဒီနေ့နားရက်မို့ သူ့ချစ်သူနဲ့Datingလုပ်နေသည်ကိုBaekhyunမနှောက်ယှက်ချင်ဘူး။
Chanyeolကလည်းပြန်လာဖို့ကိုအလုပ်ရှုပ်နေမှာစိုးတဲ့အတွက် Baekhyunလှမ်းမဆက်သွယ်ဘူး။

အခုတော့တစ်ယောက်ထဲ အထီးကျန်သလိုဖြစ်ပြီး ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေလေသည်။

"BaekhyunHyungက ဒီရောက်နေတာပဲ"

Baekhyunလှည့်ကြည့်တော့ JaeHoကိုမြင်တာနဲ့ ထသွားတဲ့အခါ JaeHoကပစ္စည်းတစ်ခုကိုကမ်းပေးလာသည်။

"Hyungက ကျွန်တော့်ကိုရှောင်နေတာပဲ.. ဒါလေးကိုကြည့်သွားပါဦး"

HE'S ✓Where stories live. Discover now