HE'S . 34

2.2K 308 9
                                    

[Unicode + Zawgyi]

ချစ်သူတစ်ယောက်အဖြစ်တွဲဖြစ်သွားတာကိုလက်ခံနိုင်ပေမဲ့ လက်ထပ်ဖို့အထိကိုတော့လက်ခံမပေးနိုင်ဘူးလား..
သာမန်စုံတွဲမဟုတ်တာဆိုတဲ့ကိစ္စနဲ့ပဲ ကန့်ကွက်မှာလား
ဒီလိုမဖြစ်သင့်ဘူးလေ
အချစ်ကအချစ်ပဲဖြစ်လို့ လူနှစ်ယောက်ရဲ့ဘဝအတွက်ရွေးချယ်မှုကို သဘာဝတရားတွေနဲ့ယှဉ်ကြည့်မနေသင့်ဘူး

ဒါပေမဲ့ ကိုကိုကြီးကကန့်ကွက်လာခဲ့ရင်.. ငါကကောလွန်ဆန်နိုင်လို့လား..
ငယ်စဉ်ကတည်းကနေ အခုအရွယ်ရောက်တဲ့အထိ ဘာကိစ္စဖြစ်နေပါစေ ကိုကိုကြီးရဲ့ဆုံးဖြတ်ချက်ကိုပဲ ညီအစ်ကိုတွေအကုန်ကလိုက်နာခဲ့ကြတာမို့ ဒီတစ်ကြိမ်မှာကော ကိုကိုကြီးရဲ့ဆုံးဖြတ်ချက်ကဘယ်လိုမျိုးရှိမလဲ..

ကိုကိုကြီးကလက်မခံနိုင်ဘူးဆိုရင်..
တကယ်ပဲရွေးချယ်မှုတွေလုပ်လာခိုင်းခဲ့ရင်.. ငါChanyeolကိုထားခဲ့နိုင်မှာလား..
ငါ့ကိုပဲကြည့်ပြီးနေ နေ ခဲ့တဲ့ ကိုကိုတို့ကိုထားခဲ့ရင် ငါကအရမ်းရက်စက်တဲ့သူဖြစ်သွားမလား

သေချာနေတာကတော့ Chanyeolသာငါနဲ့ဝေးသွားရင် ငါကောင်းကောင်းရှင်သန်နိုင်မှာမဟုတ်ဘူး
Chanyeolက ငါအနားမှာမရှိတော့တဲ့အခါ တခြားတစ်ယောက်ယောက်နဲ့ပျော်ရွှင်သွားရင်ကော..
ဒါကို ငါလက်ခံနိုင်မှာမဟုတ်ဘူး

ဟင့်အင်း.. ဒီလိုမျိုးတွေလည်းဖြစ်မလာနိုင်ပါဘူး
Chanyeolကငါ့ကိုသိပ်ချစ်တာ.. သူငါ့ကိုအရမ်းချစ်တာ
ဘယ်လိုနည်းနဲ့မှ ငါ့နေရာမှာတခြားတစ်ယောက်ကရှိလာနိုင်မှာမဟုတ်ဘူး
Chanyeolက ငါနာကျင်ရတာမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူး

ဒါပေမဲ့.. Chanyeolကလုပ်နိုင်ခဲ့ရင်ကော..
Chanyeolက တခြားတစ်ယောက်ကိုရွေးချယ်ပြီး ငါ့ကိုမေ့သွားနိုင်တယ်ဆိုရင်ကော

လက်ထပ်ဖို့မဖြစ်နိုင်တာတစ်ခုအတွက်နဲ့ Chanyeolက ငါနဲ့အဝေးကြီးကိုထွက်သွားနိုင်တယ်ဆိုရင်ကော

ငါ့ထက်ပိုပြီးပြည့်စုံတဲ့မိန်းကလေးတစ်ယောက်ကလည်း Chanyeolအတွက်အဆင်သင့်ရှိနေခဲ့တယ်ဆိုရင်ကော

ဟင့်အင်း... ဟင့်အင်း...

လက်ထပ်ဖို့ကို..

HE'S ✓Where stories live. Discover now