HE'S . 24

2.7K 324 15
                                    

[Unicode + Zawgyi]

ကျန်ခဲ့တဲ့အပတ်က Chanyeolဘယ်လိုတွေပြောခဲ့သည်မသိ..အိပ်ယာနိုးတဲ့အခါ အစ်ကိုသုံးယောက်လုံးဆီက သဘောတူတယ်ဆိုတဲ့စကားကိုပင် Baekhyun အခုထိမယုံနိုင်သေး။
နေ့စဉ်Chanyeolကိုမေးကြည့်တော့လည်း မဖြေ.. အစ်ကိုတွေဆီမေးကြည့်တော့လည်း လိုချင်တဲ့အဖြေကိုမကြားရနဲ့ ပျော်နေပေမဲ့ ဘာကိုရစ်ချင်နေမှန်းမသိဖြစ်နေလေသည်။

သူငယ်ချင်းတွေနဲ့ Video callပြောတိုင်းလည်း Chanyeolနဲ့သူ့ကို အစ်ကိုတွေသဘောတူသွားပြီဖြစ်ကြောင်းပြောရသည်ကအထပ်ထပ်မို့ သူငယ်ချင်းသုံးယောက်မှာ Baekhyunအဲ့အကြောင်းပြောပြီဆို လုပ်ချင်တာလုပ်‌နေတတ်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သူငယ်ချင်းတွေနဲ့ Video callပြောတိုင်းလည်း Chanyeolနဲ့သူ့ကို အစ်ကိုတွေသဘောတူသွားပြီဖြစ်ကြောင်းပြောရသည်ကအထပ်ထပ်မို့ သူငယ်ချင်းသုံးယောက်မှာ Baekhyunအဲ့အကြောင်းပြောပြီဆို လုပ်ချင်တာလုပ်‌နေတတ်သည်။

အစ်ကိုတွေသဘောတူလိုက်ကတည်းက Chanyeolနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသည် အစ်ကိုတွေနားထဲမှာရေပတ်မဝင်အောင် Baekhyunအသံကကြီးစိုးနေတော့သည်။
ညီငယ်လေးပျော်နေရင်ကို သဘောကျနေတဲ့အစ်ကိုတွေကတော့ မညည်းမညူ နားထောင်ပေးရှာသည်။

"Chanyeol.. Chanyeol"

ခွဲစိတ်ခန်းဆီကထွက်လာတဲ့Chanyeolကို Baekhyunကဆီးကြိုနေပြီး Chanyeolရဲ့အခန်းဆီကို တန်းခေါ်သွားသည်။

"ပင်ပန်းနေပြီလား.. မင်းခွဲခန်းထပ်ဝင်ရဦးမှာလား"

ဒီနေ့တွင် Chanyeolအတွက်၂ယောက်မြောက် ခွဲစိတ်မှုပြီးဆုံးခြင်းဖြစ်တာမို့ အနားယူသင့်နေပြီဖြစ်သည်။
ခွဲခန်းကထွက်တာနဲ့Baekhyunကိုမြင်လိုက်ရတာမို့ Chanyeolစိတ်ထဲဝမ်းသာသွားပေမဲ့လည်း ဘေးနားပေါက်ပေါက်ဖောက်နေတဲ့Baekhyunအသံကိုတော့ Chanyeolနားညီးလာသည်။

"မဝင်သေးဘူး ငါခဏနားမလို့"

"အခုက ငါ့နားချိန်ရောက်နေတာ ဒါကြောင့်ငါက Chanyeolဘေးနားမှာနေပေးမယ်လေ"

HE'S ✓Where stories live. Discover now