HE'S . 23

3K 344 6
                                    

[Unicode + Zawgyi]

ခန္တာကိုယ်ပင်ပန်းနေမှုကြောင့် လှုပ်တောင်မလှုပ်ဘဲ မောင်းသူဘေးမှာငြိမ်ငြိမ်လေးထိုင်လိုက်လာပြီး မှေးနေတဲ့Baekhyunကိုတကြည့်ကြည့်နဲ့ ကားမောင်းခြင်းကိုမနည်းအာရုံစိုက်နေရသည်။

ဘီး... ဘီး...

အဆက်မပြတ်မြည်နေတဲ့ဖုန်းရဲ့တုန်ခါသံကြောင့် တအင်းအင်း တအဲအဲနဲ့ စိတ်မကြည်စွာကိုင်လိုက်တဲ့Baekhyunကိုကြည့်နေပြီး Chanyeolကားကိုရပ်ပေးလိုက်သည်။

"Baekhyun ကိုကိုကြီးတို့ မင်းတို့နှစ်ယောက်အကြောင်းကိုသိသွားပြီထင်တယ်
ငါ့ကိုလှမ်းမေးနေတယ်
မင်းတို့နှစ်ယောက်က ဘယ်လိုလုပ်နေလို့ ကိုကိုကြီးမြင်သွားတာလဲ
ဖေ့သားရယ် မင်းအရမ်းယွနေတာမလား
မင်းအခုဘယ်မှာလဲ
Chanyeolကော သူမင်းနဲ့ရှိနေလား"

Baekhyunမှာ ဖုန်းကိုစပီကာကြီးဖွင့်ပြီး ချက်ချင်းပဲပိတ်ရမလို.. ချပဲချလိုက်ရမလိုနဲ့ ပင်ပန်းနေတာကပိုပြီးဆိုးလာကာခေါင်းထဲမူးဝေသွားရသည်။

"Baekhyunငါ့ကိုပြန်ပြောဦးကွ.. အခုဘယ်ရောက်နေလဲ
ဘယ်ရောက်ရောက်ကွာ အိမ်ကိုပြန်တော့
စိတ်ကိုအေးအေးထားပြီး ကိုကိုကြီးတို့နဲ့ အေးဆေးစကားပြောကြည့်
ငါလာခဲ့ပေးရမလား
ဟမ်.. Baekhyun"

"Chen.. ငါBaekhyunဘေးမှာရှိတယ်.. မင်းစိတ်မပူနဲ့တော့
ပြီးတော့..ကျေးဇူးပဲ"

Baekhyunနားထင်တွေဆီပြန်ဖိထားတာကိုမြင်တာနဲ့ Chanyeolကပဲဖုန်းကိုအဆုံးသတ်လိုက်ပြီး Baekhyunအပေါ်အရမ်းကောင်းပုံပေါ်တဲ့ Chenကို ကျေးဇူးတင်ကြောင်း ပြောဖြစ်အောင်ပြောလိုက်သေးသည်။

"Baekhyun အခုဘယ်လိုဖြစ်နေလဲ.. ကိုယ်တွေအရမ်းကိုက်ခဲနေလား"

"Chanyeol..."

Chanyeolက Baekhyunလက်တွေကိုဆုပ်ကိုင်ထားပေးလိုက်ကာ မျက်လုံးတွေထဲလိုက်ကြည့်နေသည်။

"ကိုကိုတို့ ငါတို့နှစ်ယောက်ကိုသဘောမတူရင် မင်းကငါ့ကိုထားသွားမှာလား"

"ငါ့နှလုံးသားကို ငါကာကွယ်မှာပါ"

Baekhyun မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်လာတဲ့အခါ Chanyeolကဖက်ထားပေးလိုက်သည်။

HE'S ✓Where stories live. Discover now