HE'S . 33

3K 299 5
                                    

[Unicode + Zawgyi]

Chanyeolကောင်းမှုနဲ့Baekhyun၃ရက်လောက်ဖျားသွားခဲ့ကာ ၃ရက်လုံးBaekhyunရဲ့Dutyချိန်တွေကို Chanyeolကပဲဝင်ပေးတော့
Day Dutyကော Night Dutyပါဆက်သွားတဲ့အခါ ပင်ပန်းနေတော့သည်။
သို့ပေမဲ့လည်း မျက်နှာတည်နဲ့နေ နေကျသူ့(Chanyeol)အတွက် ပင်ပန်းနေတဲ့ပုံကိုတခြားသူတွေကသတိမထားမိဘူး။

JunMyeonလည်း သူ့အချိန်နဲ့သူလှုပ်ရှားလုပ်ဆောင်နေရသည်မို့ ပင်ပန်းနေမှာဖြစ်တော့ အကူအညီပေးလွန်းတဲ့JunMyeonကိုအားနာမိတာကြောင့် Chanyeolအကူအညီထပ်မတောင်းဖြစ်ဘူး။
အဲ့ဒီနေ့က JunMyeonမောင်းထုတ်ခဲ့ရခြင်းက အရှက်မရှိဆေးရုံမှာတောင် ချစ်ရည်လူးနိုင်တဲ့ အချစ်ငှက်တွေကို မျက်နှာပူ၍ဖြစ်ပြီး နောက်နေ့၌ အစ်ကိုလိုဖြစ်နေတဲ့JunMyeonဆီမှာ Chanyeolအထောင်းခံရတော့သည်။
JunMyeonက Baekhyunကိုယ်ခံအားနည်းတာနဲ့ Chanyeolကြောင့်နေမကောင်းဖြစ်ရတာကိုသိပြီး နားလည်စွာပြောလာခဲ့ပေမဲ့လည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ Chanyeol JunMyeonစေတနာကိုလက်မခံခဲ့ဘူး။

Chanyeolပဲ၃ရက်လုံး Dutyချိန်‌တွေအစားဝင်ပေးပြီးတဲ့အခါ လူက‌တော်တော်လေးကိုအနားယူချင်နေပြီ။

နေ့လယ် အစားစားချိန်ရောက်တော့ အစားစားဖို့ထက်ကို လေးလံနေတဲ့မျက်ခွံတွေကြောင့် ကန်တင်းသွားမနေတော့ဘဲ နားဆောင်အခန်းဆီပြန်ခဲ့ကာ အထဲပဲဝင်နေလိုက်သည်။

ဘီး... ဘီး...

ဖုန်းရဲ့တုန်ခါသံကြောင့် အချိန်ခဏလေးပဲမှောက်ထားခဲ့ရသေးတဲ့ Chanyeolခေါင်းကထောင်လာခဲ့ပြီး ဖုန်းကိုကိုင်လိုက်သည်။

📱Chanyeol..အချစ်လေးရေ.. ငါအခုကိုလတ်ဆီရောက်နေတာ
မုန့်တွေစားရတာအရသာရှိလိုက်တာ
မင်းကော.. ဘာတွေလုပ်နေလဲဟင်

"ဟင်...?? ငါလား...ငါ.. အိပ်မလို့"

📱ငါ့အချစ်လေးပင်ပန်းနေပြီ..
အခုကနေ့လယ်ပဲ..ဘာစားပြီးပြီလဲ

"မစားရသေးဘူး"

📱ဘာစားချင်လဲ

"မင်းကိုစားမယ်"

📱စားချင်တိုင်းကျွေးစရာလား.. အဲ့တာကအကန့်အသတ်ရှိတယ်

Chanyeolအိပ်ချင်နေတဲ့ မျက်လုံးတွေကိုကျုံ့သွားအောင် ရယ်လိုက်သည်။

HE'S ✓Where stories live. Discover now