[Unicode + Zawgyi]
မနက်နိုးလာကတည်းက အစ်ကို၃ယောက်စလုံးဧည့်ခန်းထဲစုံနေကြပြီး စာမေးပွဲကလည်းနီးနေပြီဖြစ်တာရယ်ကြောင့် Baekhyunဧည့်ခန်းကဖြတ်ပြီးအပြင်ကိုမထွက်ရဲဖြစ်နေသည်။
ညကအတူတူအိပ်ကြတဲ့သူငယ်ချင်းတွေကိုခေါ်သွားခိုင်းပါလျှင်လည်း ကိုလေးပါရှိနေတာကြောင့် တစ်ယောက်မှခေါ်ထုတ်ရဲမှာမဟုတ်မှန်းသိနေပြန်တဲ့အတွက် Baekhyunကုတင်ပေါ်မှောက်ယက်နေနေရင်း လိုက်ကြံနေရသည်။
ပြီးတော့ နိုးလာကတည်းကမတွေ့ရတော့တဲ့သူငယ်ချင်းတွေကို ပြန်သွားပြီမှန်းBaekhyunသိလိုက်သည်။ဟာ..ကွာ.. ငါဒီနေ့ဆရာဝန်လေးဆီသွားမလို့ကို..
ဘာလို့ ကိုကိုတို့ကအိမ်မှာရှိနေကြတာလဲ
ပိတ်ရက်လည်းမဟုတ်ဘဲ အလုပ်မသွားကြဘူးလား
မြန်မြန်သွားကြတာမဟုတ်ဘူးကွာBaekhyunဟိုသည်ညည်းတွားနေရင်းမှ အခန်းဝင်လာတဲ့သူငယ်ချင်းတွေကြောင့် မျက်လုံးလေးတွေလက်ကာ ချက်ချင်းထထိုင်သည်။
"မင်းတို့မပြန်ကြသေးဘူး ဟုတ်လား??"
Baekhyunပျော်နေသည့်ပုံကထိန်းမရ..
သူငယ်ချင်းတွေကတော့ တစ်ယောက်ကိုတစ်ယောက်မေးငေါ့ပြပြီး စိတ်ဓာတ်ကျနေကြသည့်ပုံ..
"စာမေးပွဲနီးလို့ထင်တယ်နော်.. Hyungရဲ့ ကိုကိုတွေကဧည့်ခန်းထဲမှာထိုင်နေကြတာ ကျွန်တော်တို့ဘယ်လိုအပြင်ထွက်ကြမလဲ.."
Sehunရဲ့မကျေမနပ်ပြောလာသံကို Taoကော Chenကောကခေါင်းညိပ်လက်ခံနေပြီး Baekhyunက ဆရာဝန်လေးဆီသွားရဖို့ကို အကြံထုတ်နေလေသည်။
Baekhyunကိုထားပြီး ပြန်သွားကြလည်းရပေမဲ့.. ငယ်ပေါင်းဖြစ်တဲ့လေးယောက်လုံးက အမြဲတမ်းတစ်တွဲတွဲနဲ့ ဘယ်သောအခါမှတစ်ယောက်ထဲချန်မထား..
သူတို့သုံးယောက်မှမခေါ်ရင် ဒီတစ်နေ့လုံးအပြင်ထွက်ရမည့်ပုံမရှိတဲ့Baekhyunကိုဒီတိုင်းမထားခဲ့ရက်တာမို့ ဧည့်ခန်းထဲကကိုကိုတွေအလုပ်သွားကြမှာကိုစောင့်နေပေမဲ့လည်း ဘာအကြောင်းကိုထိုင်ပြီးဆွေးနွေးမှန်းမသိ.. ကြာလာတာနဲ့ပဲ သုံးယောက်သာ Baekhyunအခန်းဆီဝင်လာခဲ့တော့သည်။