HE'S . 14

2.9K 370 3
                                    

[Unicode + Zawgyi]

"ညီ.. ဟျွန်းငယ်ကြောင့်စိတ်အနှောက်အယှက်ဖြစ်တာမျိုးရှိရင် Hyungကပဲတောင်းပန်ပါတယ်နော်
Hyungအမြင်တော့ ဟျွန်းငယ်က ညီအပေါ်အရမ်းကိုခင်တွယ်နေတယ်"

"ကျွန်တော်နားလည်ပါတယ်စီနီယာ"

လုပ်စရာပါးလို့အနားယူနေတုန်းကော်ဖီသောက်ရင်းထိုင်နေတဲ့ ChanyeolအနားMinSeokရောက်လာခဲ့ပြီး Baekhyunနဲ့ပတ်သက်တဲ့စကားတွေပြောဖြစ်ကြသည်။

MinSeokရဲ့စကားတွေထဲBaekhyunအကြောင်းတိုင်းက ကြည်နူးစရာအပြည့်ဖြစ်သည်။ ထို့ပြင် ရှေ့ဆက်မျှော်မှန်းထားတဲ့ အိပ်မက်ခရီးကလည်း တင့်တယ်လွန်းသည်။
တကယ်ကိုBaekhyunအတွက် ကြီးမားတဲ့စိတ်ခေါ်မှုတွေကစောင့်ကြိုနေလေသည်။

Chanyeolနားထောင်နေရင်း စိတ်ထဲလေးနက်လာကာ နာကျင်လာတဲ့နှလုံးသားကိုမသိချင်ယောင်ဆောင်ထားမိသည်။
Baekhyunကိုပြန်ချစ်ဖို့မသင့်တော်တဲ့အကြောင်းအရာတွေက တပုံတပင်ပိတ်ပင်ထားလာနေပြီ။

စီနီယာMinSeokနည်းတူ တခြားအစ်ကိုတွေကလည်းBaekhyunအပေါ်မျှော်လင့်ချက်ကြီးမားကြတာမြင်ရလေလေ Baekhyunကိုသူ့ဘဝထဲဆွဲသွင်းဖို့ကခက်ခဲလာသည်။

"ညီ.. ညကျရင် ဟျွန်းငယ်သူငယ်ချင်း၂ယောက်ကိုနှုတ်ဆက်ကြမှာ ညီ့ကိုခေါ်ထားတယ်မလား"

"ခေါ်တယ်စီနီယာ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းလည်း ကနေဒါသွားမှာမို့သူ့ကိုနှုတ်ဆက်ဖို့လည်းရှိနေတာနဲ့ မအားလို့မလာနိုင်ကြောင်းပြောထားတယ်"

MinSeokနဲ့ရယ်ရယ်မောမောစကားတွေဆက်ပြောနေကြရင်း ကိစ္စပေါ်လာတာနဲ့MinSeokကအရင်ထွက်သွားသည်။
Chanyeolတစ်ယောက်ထဲဆက်ထိုင်ခဲ့ပြီး Baekhyunအကြောင်းက ခေါင်းထဲရောက်လာခဲ့ရသည်။

တစ်မနက်လုံးလည်းအလုပ်ထဲကိုစိတ်မနည်းနှစ်ထားရသည်ကပထမဆုံးပင်..
ညနေပိုင်းရောက်လာတော့ JunMyeonကတောင် မေးလာသည်အထိ မူမမှန်တဲ့အပြုအမူတွေကသိသာနေခဲ့သည်။
Chanyeolလည်း သတိထားပြီးခံစားချက်တွေပေါ်လွင်မနေအောင် ကိုယ့်ကိုယ်ကိုပြန်ထိန်းနေရသည်။

"Chanyeol-Oppa"

Chanyeolလှည့်မကြည့်ဘဲ JunMyeonရဲ့မျက်နှာကိုကြည့်လာခဲ့သည်။

HE'S ✓Where stories live. Discover now