HE'S . 38 [ Fin< ]

4K 306 24
                                    

[Unicode + Zawgyi ]

စီစဉ်တိုင်ပင်ထားတဲ့မင်္ဂလာကိစ္စ‌နဲ့ပတ်သက်ပြီး Baekhyunဘက်ကနေ KyungSoo..LuHanနဲ့အတူ WuYiFanရယ်..
Chanyeolဘက်က Yooraတို့လင်မယားနှစ်ယောက်ရယ်က ပွဲလုပ်မည့်နေရာ.. ခင်းကျင်းမည့်အပြင်အဆင်.. ကျွေးမွေးမည့်အစားအစာ..ဖိတ်ကြားမည့်လူစာရင်း စတာတွေကို အစအဆုံးလိုက်စီစဉ်ပေးနေကြပေမဲ့.. သတိုးသားနှစ်ယောက်ကတော့ ဝတ်စုံလေးရွေးပြီးကတည်းက မအားလပ်တဲ့အလုပ်ကြောင့် ပေါ်မလာဘဲရှိသည်။
JunMyeonနဲ့MinSeokလည်းမအားကြပေမဲ့ ခဏတစ်ဖြုတ်တော့ ပွဲနေရာကိုလိုက်ကြည့်ပေးဖြစ်သေးသည်။
သတိုးသားနှစ်ယောက်က ပွဲအစီအစဉ်အားလုံးကိုလူကြီးတွေဆီအပြည့်အဝပုံအပ်ထားကာ နှစ်ယောက်သားကတော့ နားချိန်နည်းတဲ့အချိန်လေးတွေမှာ အလွမ်းပြေပဲတွေ့ဖြစ်ကြသည်။

မင်္ဂလာပွဲအတွက်လှမ်းဖိတ်ကြားပြီးရက်မကြာခင်ပဲ.. တရုတ်ကနေSehunနဲ့Taoကလည်းရောက်လာခဲ့ကြပြီး Chenနဲ့အတူ သူငယ်ချင်းတွေပွဲကျနေပေမဲ့.. Baekhyunကတော့.. သူ့(Baekhyun)ထက်ပိုပြီးမအားဖြစ်နေရတဲ့လက်ထပ်ရမည့်သတိုးသားလောင်းလေးအနားကမခွာနိုင်ဘဲရှိနေသည်။

"သူငယ်ချင်းတွေရောက်နေကြတယ်တဲ့လေ.. သတိရတယ်ဆို..?? သူတို့ဆီမသွားဘူးလား"

Chanyeolကခုံမှာထိုင်ရင်းစာအုပ်လှန်နေရာကနေမကြည့်ဘဲပြောလာတော့
Baekhyun လက်ကကိုင်ထားတဲ့ Iced Americanoခွက်လေးကို ခုံပေါ်တင်လိုက်ပြီး လက်တွေပိုက်ကာရပ်ကြည့်နေလိုက်သည်။

ဘာမှပြန်ပြောမလာဘဲတိတ်နေတဲ့အဆိုးလေးကြောင့် Chanyeolကပဲမော့ကြည့်လာခဲ့တဲ့အခါ အဆိုးလေးကမျက်မှောင်ကြုတ်ပြီးစိုက်ကြည့်နေတာနဲ့တိုးတော့သည်။

"ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ.."

"Chanyeolကဒီနေ့လည်း ဒီမှာပဲအိပ်မှာလား"

မေးတာမဖြေဘဲ.. အမေးကိုအမေးနဲ့ပြန်လာတဲ့Baekhyunကိုကြည့်ရင်း.. အဆိုးလေးစိတ်မကြည့်တာကို Chanyeolနားလည်လိုက်သည်။

ဂျူနီယာဆရာဝန်လေးတွေကို ကန့်သွင်းပြီးTrainingပေးနေရတာမို့.. Chanyeolအိမ်မပြန်ဖြစ်တာတစ်ပတ်ပင်ရှိပြီ။
Baekhyunလည်းဂျူနီယာဖြစ်တဲ့အတွက် အိမ်မပြန်ရတာချင်းတူပေမဲ့..ည ည ဆို Chanyeolကအနားမှာဖက်ပေးထားတာမျိုးကိုမခံရတဲ့အတွက် ကောင်းစွာအိပ်မပျော်ဘဲရှိနေလေသည်။

HE'S ✓Where stories live. Discover now