HE'S . 25

2.5K 335 11
                                    

[Unicode + Zawgyi]

Baekhyunစိတ်ပျက်လက်ပျက်နဲ့ Chanyeolအခန်းထဲထိုင်နေပြီးမှ အလုပ်ရှုပ်နေတဲ့Chanyeolဆီကိုအဝေးကသွားစိုက်ကြည့်နေခဲ့ပြီး ဆေးရုံကနေအစောကြီးထွက်သွားခဲ့သည်။

Baekhyun Chanyeolကိုဘယ်လောက်ထိချစ်လဲ.. ဘယ်လောက်ထိတန်ဖိုးထားလဲ
နှလုံးသားကအသိဆုံးဖြစ်နေတာမို့.. Chanyeolရဲ့တချို့တုံ့ပြန်မှုတွေက တကယ်ကိုနာကျင်ရသည်။
ယောက်ျားလေးချင်းဖြစ်တဲ့အချစ်တစ်ခုကို စိုးရိမ်စိတ်ရှိခဲ့ပေမဲ့လည်း အနားရှိနေပေးတဲ့Chanyeolမျက်နှာတစ်ခုတည်းနဲ့ ဘာကိုမှကြောက်ရွံ့ခြင်းမရှိခဲ့ဘူး။

ချစ်တယ်လို့တခါမှထုတ်မပြောဖူးတဲ့ချစ်သူက ကိုယ့်ကိုတကယ်ရောချစ်နေပါရဲ့လားလို့ သံသယဝင်မိသည်ကမနည်း.. ဒါပေမဲ့လည်း ဂရုစိုက်ပြမှုတွေက တကယ်ပင်အသက်ဝင်လွန်းလှသည်။
အတူတူနေခဲ့သည့်အချိန်တွေကိုပြန်စဉ်းစားမိတဲ့အခါ အရမ်းပဲလွယ်ကူနေခဲ့သလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးမိတော့.. မင်းချစ်သူနဲ့လေဆိုတဲ့အသိက ဘာကိုမှကလန်ကဆန်မရှိ။

တခြားချစ်သူတွေလိုပဲကြည်ကြည်နူးနူးနဲ့တီတီတာတာစကားတွေပြောရင်း ချစ်ရတဲ့Chanyeolဆီကချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို Baekhyunတကယ်ပင်ကြားချင်နေမိသည်။
ပြောပေးဖို့တောင်းဆိုမိလား.. Baekhyunကိုယ့်ကိုယ်ကိုမသိ။
Chanyeolနဲ့ရှိချိန်တိုင်း ထိန်းမရအောင်ခုန်နေတဲ့နှလုံးသားလေးက သူနာကျင်ရမည်ဆိုရင်တောင် ဘယ်အရာမဆိုခွင့်လွှတ်ထားပေးသည်။

မချစ်ဖူးလို့ရူးမိုက်မိတာပဲလား.. အချစ်ငတ်လို့တောင့်တမိတာပဲလား.. မမှီရာပန်းကိုခူးဆွတ်ချင်ခဲ့လို့များလား.. တည်ငြိမ်ခန့်ညားပြည့်စုံလွန်းတဲ့Chanyeolက သူ့လိုပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်ကို အချစ်တွေမပေးနိုင်ဘူးဆိုတာက ဖြစ်သင့်တာပဲမလား။
Chanyeolက ပြည့်စုံကြွယ်ဝတင့်တယ်လှပတဲ့မိန်းကလေးတစ်ယောက်နဲ့ပိုလိုက်ဖက်သည်။
လူအများအလယ်မှာ ရဲရဲဝံ့ဝံ့မော်ကြွားနိုင်ဖို့ရာ Chanyeolဘေးမှာရှိသင့်တာက ထိုမိန်းကလေးမျိုးပါပဲ။

နာကျင်ရလည်းဖြစ်သည်။ ပြန်မချစ်နိုင်လည်းဖြစ်သည်။ မျှော်လင့်ချက်သေးသေးလေးပဲရှိတယ်ဆိုရင်တောင် Chanyeolကိုချစ်နေချင်သည်။

HE'S ✓Onde as histórias ganham vida. Descobre agora