HE'S . 37

2.1K 272 21
                                    

[Unicode + Zawgyi]

လူအနည်းငယ်ပဲရှိတဲ့ပါတီပွဲလေးဖြစ်ပေမဲ့လည်း နွေးထွေးတဲ့ဆက်ဆံရေးတွေကြောင့် သိုက်သိုက်ဝန်းဝန်းနဲ့ တစ်နည်းတစ်ဖုံပျော်စရာကောင်းနေခဲ့သည်။
ခြံဝန်းလေးရဲ့မီးရောင်စုံနဲ့လှပနေခဲ့တဲ့ရှုခင်းလေးနဲ့အတူ လူအားလုံးရဲ့အပြုံးတွေကဝေဆာနေလေသည်။
ခြံလေးထဲလိုက်ကြည့်မိတဲ့အခါ ဖိတ်ထားတဲ့ TaeYongတို့အတွဲလည်းရောက်နေကြပြီး Chenနဲ့တစ်ဖွဲ့ဖြစ်နေကြသည်။

"ငါပြောပါတယ်.. ငါတို့ကဘိတ်ဆုံးဖြစ်နေမှာပါဆို"

ဂျူနီယာတစ်ယောက်ရဲ့ နှလုံးနဲ့ပတ်သက်ပြီးမေးမြန်းလာတဲ့မေးခွန်းတွေကို သေချာနားလည်အောင်ရှင်းပြပေးနေတာနဲ့ ထွက်လာဖို့နောက်ကျသွားတာကြောင့် ဒီညရဲ့အပြာရောင်ဝမ်းဆက်နဲ့မင်းသားလေးက မကျေမနပ်ဖြစ်နေပြီးစူပုတ်ကာကောက်နေလေသည်။

"Chanyeolတို့ရောက်လာခဲ့ပြီပဲ.. ဇာတ်လိုက်တွေကတော့ နောက်ဆုံးမှပေါ်လာစမြဲပါလေ"

"ဟွန့်.. နောက်ကျရင်နောက်ကျတယ်ပေါ့.. စကားတွေလှအောင် ဘာဇာတ်လိုက်လဲ"

Baekhyunတိုးတိုးလေးပြောနေတာကိုရှေ့ကJunMyeonကမကြားရပေမဲ့ သေချာကြားလိုက်ရတဲ့Chanyeolက ကောက်တေးအဆိုးလေးကို ပြုံးပြီးကြည့်နေသည်။

"ပြုံးပြီးပဲရပ်ကြည့်မနေပါနဲ့.. ဒီကလူတွေနဲ့ပါတီပွဲလေးမှာပျော်စရာဖြစ်အောင် နေပေးကြပါဦး
အိမ်ပြန်ရောက်မှ ပြုံးပြီးပဲကြည့်ကြည့်.. ချစ်ရည်ရွှမ်းနေတဲ့အကြင်နာမျက်ဝန်းတွေနဲ့ပဲကြည့်ကြည့် ကြည့်ချင်သလိုကြည့်ကြပါနော်"

"JunMyeonHyung..ကလည်း နောက်နေပြန်ပြီ"

"မင်းကြည့်နေတာကို.. သူများကိုမမဲနဲ့.. ဟွန့်!
ကိုကိုတို့ကဘယ်ရောက်လို့ ညီငယ်လေးလာတာတောင် အနားမလာရတာလဲ"

JunMyeonက Chanyeolကိုမျက်လုံးနဲ့ တစ်ခုခုဖြစ်လာကြသလားမေးတဲ့အခါ Chanyeolကခေါင်းညိတ်လိုက်တော့.. JunMyeonကသဘောပေါက်ပြီဆိုတဲ့ပုံနဲ့ Chanyeolကိုဆွဲခေါ်သွားသည်။

တစ်မှုပေါ်..နောက်ထပ်တစ်မှုထပ်ဆင့်လိုက်မိသလို..
ကောက်တေးလေးကိုထားခဲ့တဲ့အခါ မျက်ထောက်နီကြီးနဲ့ကြည့်လာတာကိုခံလိုက်ရသည်။

HE'S ✓Where stories live. Discover now