အပိုင်း(၁)ဝိညာဉ်ကူးပြောင်းခံလိုက်ရခြင်း

107K 5K 403
                                    

Unicode

အပိုင်း(၁)
ဝိညာဉ်​ကူး​ပြောင်းခံရခြင််း

လူ​နေထူထပ်​​သော မြို့ပြ၏ ထုံးစံအတိုင်း လမ်းပေါ်တွင်​ လူများ ဥဒဟို လှုပ်​ရှားသွားလာ​နေ၏။ ​ရောင်​နီပျိုးစ မနက်​ခင်းအချိန်​သည်​ သက်​ရှိသက်​မဲ့တို့၏ဆူညံသံများ​ကြောင့် သက်​ဝင်​လှပ​နေသည်​။​ သူရိန်​​နေမင်းကြီးသည်​ အိပ်​တန်းဝင်​​နေ​ရာမှ​ ခေါင်းပြူကာ​ ကောင်းကင်​ယံထက်​သို့ တိုးထွက်​လာသည်​။

စာအုပ်​များကို သပ်​ရပ်​စွာစီထား​သော စာအုပ်​အ​ဟောင်းဆိုင်​​လေးထဲတွင်​​ ကောင်​​လေးတစ်​​ယောက်​သည်​ စာအုပ်​များနှင့် အလုပ်​ရှုပ်​​နေ​လေ၏။ စာအုပ်​များတစ်​အုပ်​ပြီးတစ်​အုပ်​ ဖွင့်ဖတ်​ကြည့်ကာ ရွေးချယ်​ရခက်​​နေ​ပုံရ​သော ​ကောင်​​လေးသည်​ အသားဖြူ ဖြူ ၊ အရပ်​ရှည်​ရှည်​၊ တောင့်တင်းသောခန္ဓာကိုယ်​နှင့် ကြည့်ကောင်းသောရုပ်​ရည်​ကို ပိုင်​ဆိုင်​ထားသည်​။စာအုပ်​တစ်​အုပ်​အား ဖွင့်ဖတ်​ကြည့်​​လိုက်​ချိန်​တွင်​​ ကောင်​​လေး၏မျက်​ဝန်းတို့ အ​ရောင်​လက်​သွားသည်​။

"ဝိုး...ဒီဇာတ်​​ကောင်​​လေးနာမည်​က ရီဟွားဆိုပါလား...ငါ့နာမည်​နဲ့​တူတူဘဲ...နဲနဲ​လောက်​ဖတ်​ကြည့်လိုက်​ဦးမယ်​"

အချိန်​တခဏမျှကြာ​အောင်​ စာအုပ်​အား စိတ်​ဝင်​တစားဖတ်​​နေလိုက်​သည်​။

"What the fuck ! ငါ့နာမည်​နဲ့တူပြီး သုံးစားလို့လည်းမရဘူး ဒီဇာတ်​​ကောင်​က...ဘာတဲ့...မိန်းက​လေးရှုံးအောင်​​​ချော​မောလှပတဲ့ စစ်​သူကြီးအိမ်​​တော်​ရဲ့အလိုလိုက်​ခံ ​သခင်​​လေးဆိုပါလား... ဇာတ်​​ကောင်​ရဲ့ရုပ်​ရည်​ကို ပုံ​ဖော်​ထားတာ နုဖတ်​​နေတာပဲ...အဲဒီ​လောက်​​ပျော့ညံ့​နေမှ​တော့ ဘယ်​လိုလုပ်​အသုံးကျ​တော့မှာလဲ​...သောက်​တလွဲဇာတ်​​ကောင်​ကြီး"

​ကောင်​​လေးသည်​ မျက်​​မှောင်​ကြုံ့လျက်​မ​ကျေမနပ်​နှင့် ဆက်​​ပြောလာသည်​။

"ဇာတ်​လိုက်​မင်းသမီးရဲ့ငယ်​သူငယ်​ချင်းတဲ့...ဘာမှအ​ရေးမပါတဲ့ဇာတ်​​ကောင်​​လေး...ဇာတ်​လမ်းအစမှာဘဲ ​​မင်းသမီးအ​ဖေ အမတ်​ချုပ်​ကြီးရဲ့​ထောင်​​ချောက်​ထဲဝင်​သွားပြီး အသတ်​ခံလိုက်​ရတယ်​လို့...တုံးအချက်​ဘဲ...သူနဲ့အတူစစ်​သူကြီးအိမ်​​တော်​တစ်​ခုလုံးကိုပါ ဆွဲချသွား​သေးတယ်​...ဒီစာအုပ်​ပဲ ဝယ်​သွားမယ်​...အိမ်​​ရောက်​ရင်​ ထိုင်​ဖတ်​ပြီး ဆဲရ​အောင်​"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now