အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း

30.5K 3.5K 126
                                    

Unicode

အပိုင်း(၃.၁) ဇာတ်ကြောင်းပြောင်းလဲနေခြင်း

ကျေးငှက်သာရကာ မြည်သံလေးများ နှင့် စိမ်းစိုလှပနေသော ရှေးခေတ်သဘာဝ ရှုမြင်ကွင်းသည် လွန်စွာလှပသာယာနေသည်။ ထိုသို့သော ပတ်ဝန်းကျင်အား ဂရုမစိုက်နိုင်ရှာသည့် လူနှစ်ယောက်လည်း ရှိနေကြ၏။

အပြာရောင် ဘရိုကိတ် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သခင်ငယ်လေးသည် သူ၏ အခြွေရံကျောပေါ်မှ နံရံပေါ်သို့ ကုတ်တွယ်တက်နေလေသည်။

"သခင်လေး မြန်မြန် လုပ်ဗျ...ကျွန်တော့်ကျောကုန်း အရမ်းနာနေပြီ"

သူ ဝင်ထားသော ခန္ဓာကိုယ် မည်မျှ ပေါ့ပါးကြောင်း သိရှိသည့် ရီဟွားတစ်ယောက် ယွီလေး စကားကြောင့် မျက်နှာမဲ့သွားရသည်။

"တိတ်စမ်း...ငါ မြန်မြန်တက်နေတယ် မမြင်ဘူးလား"

"သခင်လေးက ကျွန်တော့်ကျောပေါ်တက်နေတော့ ခေါင်းငုံထားရတယ်လေ...ကျွန်တော့် ခေါင်းနောက်မှာ မျက်လုံးပါတယ် ထင်နေတာလားဗျ"

ရီဟွား ထိုတစ်ခွန်းမကျန် ပြန်ပြောတတ်သော ကောင်လေးကို လျစ်လျူ ရှုလိုက်ပြီး နံရံပေါ်သို့ ​​ ကျော်ခွတက်လိုက်သည်။ နံရံသည် သုံးပေကျော်ကျော်လောက်သာ မြင့်၏။

ရီဟွား တခြားတစ်ဖက်သို့ ခုန်ချလိုက်ပြီး နံရံဘက်သို့ ပြန်၍ မျက်နှာမူကာ ယွီလေးအား လှမ်းပြောလိုက်သည်။

"ယွီလေး ငါသွားပြီ...အကိုကြီး ညီလာခံပြီးလို့ အိမ်ပြန်မလာခင် အရောက်ပြန်လာခဲ့မယ် တာ့တာ"

တဖက်မှ အာပြဲကောင်လေး၏ သူ့အား ပြန်အော်မည့် အသံကို ရီဟွား အတန်ကြာ နားစွင့်နေမိသော်လည်း တိတ်ဆိတ်နေသောကြောင့် ကြောင်အသွားရသည်။

ဒီနေရာသည် လူသူအသွားအလာနည်းပါးသော်လည်း ကြာကြာနေရန် မသင့်သောကြောင့် ရီဟွားထွက်သွားရန် နောက်လှည့်လိုက်စဉ် သူ၏ နောက်ကျောဘက်တွင် ရပ်နေသော လူတစ်ယောက်ကြောင့် လန့်အော်လိုက်မိသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now