အပိုင်း(၂၂)တော်ဝင်လက်ထပ်ပွဲ

18K 2.3K 117
                                    

Unicode

အပိုင်း(၂၂)

တော်ဝင်လက်ထပ်ပွဲ

ခမ်းနားလွန်းသော ဘုရင့်နန်းဆောင်ထဲတွင် မင်းကြီး၊ ဝမ်ရယ်၊ ရှင်းရန်နှင့် စစ်သူကြီးတို့ ရှိနေကြသည်။

မင်းကြီးနှင့် စစ်သူကြီးတို့ စစ်ရေးအခြေအနေအား ဆွေးနွေးနေစဉ် အရေးကြီးသော ကိစ္စလျှောက်တင်ရန်ဟု ဝမ်ရယ်ကခွင့်တောင်းလာသောကြောင့် မင်းကြီးအနေဖြင့် နန်းဆောင်ထဲ ဝင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"ကျောက်ဟွမ်...အကိုတော်ကို ဘာအရေးကြီးကိစ္စလျှောက်တင်မလို့လဲ"

ဝမ်ရယ်နှင့် ရှင်းရန်တို့သည် မင်းကြီးအား အရိုအသေပြုလိုက်ပြီးနောက်တွင် မင်းကြီး၏ အမေးစကားအား ဝမ်ရယ်က ပြန်လည်ဖြေကြားလိုက်သည်။

"နန်းတော်မှာ နေရတာ မယ်တော့်ရဲ့ အငွေ့အသက်တွေ ခံစားနေရလို့ ညီတော် နေရထိုင်ရအဆင်မပြေပါဘူး...အဲဒါကြောင့် ဖြစ်ခဲ့သမျှ မေ့ပျောက်နိုင်သည်ထိ ကျွန်တော့်ကို အနောက်တောင်နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်ခွင့်ပေးပါ အကိုတော်"

ဝမ်ရယ်၏စကားကြောင့် မင်းကြီး၏ မျက်နှာထက်တွင် အပြုံးမမည်သော အပြုံးပါးတစ်ခုပေါ်ပေါက်လာခဲ့သည်။

"ကောင်းပြီ...အကိုတော် ခွင့်ပြုတယ်...ဘယ်တော့လောက် သွားမလဲ ညီတော်"

"ကျွန်တော်နဲ့ ရှင်းရန် စေ့စပ်ကြောင်းလမ်းထားတာကြာပါပြီ...မိဘတွေစီစဉ်ခဲ့တဲ့အတိုင်း ကျွန်တော်တို့ လက်ထပ်ပြီးမှ နယ်စပ်ဒေသကို သွားလိုကြောင်းပါ အကိုတော်"

"ကောင်းပြီ အကိုတော်က ညီတော်ရဲ့အုပ်ထိန်းသူအနေနဲ့ မိဘနေရာကနေပြီး လက်ထပ်ပွဲကို စီစဉ်ပေးမယ်...တော်ဝင်မင်းသားတစ်ယောက်ရဲ့ လက်ထပ်ပွဲဖြစ်လို့ နန်းတော်မှာပဲ ခမ်းခမ်းနားနားပြင်ဆင်ကျင်းပပေးမယ်...လက်ထပ်ပွဲပြီးရင် ရှင်းရန်က ညီတော်ရဲ့တရားဝင်တော်ဝင်ကြင်ယာတော် ဖြစ်ပြီ...ညီတော်အနေနဲ့ သေချာဂရုစိုက် စောင့်ရှောက်ပါ...နယ်စပ်ဒေသက အရမ်းဝေးလံလွန်းတယ်"

"မှန်ပါ အကိုတော်...ညီတော် သေချာ ဂရုစိုက်စောင့်ရှောက်ပါ့မယ်"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now