အပိုင်း(၃၁)ဧကရီတင်မြှောက်ရန် ကြေညာခြင်း

16.7K 1.9K 62
                                    


အပိုင်း(၃၁)

ဧကရီတင်မြှောက်ရန် ကြေညာခြင်း

ရီဟွား လေးလံနေသော မျက်ခွံများအား ကြိုးစား၍ ဖွင့်ကြည့်လိုက်သည်။ အမြင်အာရုံတွင် ပထမဆုံးပေါ်လာသည်က နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှင်း၏ ချောမောကြည့်ကောင်းလွန်းသော မျက်နှာ။

လက်ချောင်းသွယ်သွယ်လေးများဖြင့် အိပ်ပျော်နေသော မျက်နှာအား ကိုင်တွယ်ကြည့်လိုက်သည်။ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်း၊ အားလုံးသည် အနုစိတ်ပုံဖော်ထုဆစ်ထားသကဲ့သို့ ကြည့်ကောင်းလွန်းသော ရုပ်ရည်အား ပံ့ပိုးထားကြသည်။

ငြိမ်းချမ်းစွာ အိပ်စက်နေသော မျက်နှာတော်အား ငေးကြည့်နေစဉ် အာရုံထဲတွင် ညကအဖြစ်အပျက်တို့သည် အသေးစိတ်ပုံပေါ်လာတော့သည်။ သေရည်အရှိန်ဖြင့် ထိုမျှထိ ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့။ သူလုပ်ခဲ့သော လုပ်ရပ်များအား ပြန်စဉ်းစားမိကာ မျက်နှာတစ်ခုလုံး နီရဲ၍ပူထူလာတော့သည်။ ဖြစ်နိုင်လျှင် မျက်နှာအား တစ်ခုခုနှင့်သာ အုပ်ထားချင်မိတော့သည်။

သေရည်သည် သူ့အတွက် လုံးဝအကျိုးမပေးပေ။ ယွီလေး ပြောသကဲ့သို့ သူလျှော့သောက်ခဲ့သင့်သည်။ ယွီလေး စကား နားမထောင်မိခြင်း၏ အကျိုးဆက်ပင်။

ယခုတော့ နှစ်ပေါင်းများစွာ စောင့်ထိန်းခဲ့သော အရှက်သိက္ခာများ ပျက်စီးသွားသည့်အပြင် မာနလေးပါ ရိုက်ချိုးခံလိုက်ရလေပြီ။ ကျော်မကောင်း ကြားမကောင်းစွာ မိန်းမနေရာတွင် နေလိုက်ရသည်။ ထိုသို့ဖြစ်အောင် တောင်းဆိုခဲ့သည်မှာလည်း သူ ကိုယ်တိုင်ပင် ဖြစ်နေသည်။ အချိန်တွေအား နောက်ပြန်ဆုတ်၍ ရလျှင် သေရည်သောက်နေခဲ့သော ကိုယ့်ကိုကိုယ်အား နားရင်းပိတ်ရိုက်ပစ်လောက်သည်။

ရှင်းအား ရင်ဆိုင်ရန် ရှက်သောကြောင့် ရှင်း မနိုးခင် ထကာ အိမ်တော်ပြန်ရန် ပြင်လိုက်သည်။ အိပ်ရာထက်မှ ထထိုင်လိုက်ပြီး ကြမ်းပြင်သို့ ခြေထောက်ချကာ ခပ်ဖွဖွနင်းလျှောက်၍ အပြင်ထွက်ရန် ပြင်လိုက်သည်။

အိပ်ရာထက်မှ ဆင်းကာ မတ်တပ်ရပ်ရပ်လိုက်သော်လည်း အောက်ပိုင်းဆီမှ စူးအောင့်မှုကို ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွားသည်။ နာကျင်မှုကြောင့် အသံထွက်ကာ အော်ညည်းလိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now