အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း

21.9K 2.8K 37
                                    

Unicode

အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း

ညည့်ဦးယံဖြစ်သောကြောင့် ကောင်းကင်တွင် လမင်းကြီးသည် ထိန်ထိန်သာနေသည်။နန်းတော်၏ နန်းဆောင်တစ်ခုထဲတွင် တော်ဝင်မင်းသမီး ရီရီသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။

ရုတ်တရက် နန်းဆောင်အလယ်တွင် အဖြူရောင်ပိုးဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်တစ်ချောင်းအား ကိုင်ဆောင်ထားသည့် ချောမောသောလူတစ်ယောက် ပေါ်လာလေသည်။

ထိုသူသည် အိပ်ဆောင်အနီးသို့ လျှောက်လှမ်းသွားလိုက်ပြီး လက်တစ်ဖက်အား ဆန့်တန်းကာ အိပ်ပျော်နေသော ရီရီ့ ခန္ဓာကိုယ်ဆီသို့ အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

တော်ဝင်မင်းသမီးရီရီ၏ ခန္ဓာကိုယ်ထဲမှ အရောင်ဖျော့လွန်းသော အလင်းတန်းလေးတစ်ခုထွက်ပေါ်လာသည်။ လက်တစ်ဖက်တွင် ယပ်တောင်ကိုင်ထားသူသည် ဆန့်တန်းထားသောလက်အား အောက်ပြန်ချလိုက်သည်။

သူ၏ မျက်နှာထက်တွင် ရှုပ်ထွေးမှုတို့ပေါ်ပေါက်လာသည်။

"ဘယ်လိုကြောင့် အမတော်ရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကိုဘဲ အာရုံခံမိနေရတာလဲ...ဝိညာဉ်စုမီးအိမ်က ထုတ်လွှင့်လိုက်တဲ့ ကျန်တဲ့ ဝိညာဉ်အပိုင်းအစတွေရော...

အချိန်ခဏလေးအတွင်း ဘယ်လိုလုပ်ပျောက်ကွယ်ကုန်ရတာလဲ...ခုချိန်ထိ ကျန်တဲ့ ဝိညာဉ်အပိုင်းအစတွေကိုခြေရာခံ မရသေးဘူး...သူ(မ)က အမတော် လူဝင်စားတဲ့သူ ဟုတ်မဟုတ်လည်း မသိရသေးဘူး...ကျန်းဖုန်း နှစ်တစ်ထောင်တောင်ရှိပြီ ခုထိ လက်မလျော့သေးဘဲ အနှောင့်အယှက်လိုက်ပေးနေတုန်းပဲလား"

ထိုလူ၏ မျက်နှာတွင် ဒေါသထွက်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ထို့နောက် ထိုလူသည် အခန်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။ အိပ်မောကျနေသော ရီရီ၏ ကိုယ်ထဲမှ ထွက်ပေါ်နေသော အလင်းဖျော့ဖျော့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now