အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်

17K 1.9K 64
                                    


အပိုင်း(၃၀) မင်းက ကိုယ့်အပိုင်

ရီဟွားအင်္ကျီများအား ကိုယ်မှဖယ်ခွာသွားသည်အထိ ရှင်း ဆွံ့အနေမိသည်။

အထိခိုက်မခံသော ဖြူဖွေးစွတ်နေသည့် နို့နှစ်ရောင် အသားအရေ၊ ကျောရှင်းလှပသော လည်တိုင်နှင့် အနီးကပ်မြင်နေရသည့် ခန္ဓာကိုယ် မြင်ကွင်းကြောင့် အရိုင်းဆန်လာသော စိတ်တို့သည် တားဆီးမရတော့။

မကြာမီက မြင်တွေ့ခဲ့ရသော တပုံစံတည်းတူသည့် ဗလာကျင်း ခန္ဓာကိုယ်တွင် လုံးဝမရှိခဲ့သော ရမ္မက်ဆန္ဒတို့သည် ယခုအချိန်တွင်တော့ ပေါ်ထွက်လာလေပြီ။

"ရှင်း ကျွန်တော့်တကိုယ်လုံး အရမ်းပူနေတယ်...ကျွန်တော့်ကို ကူညီပါဦး"

ဆေးမိထားပုံရသော ချစ်ရသူလေး၏ ဆန္ဒကို ဖြေဖျောက်ပေးရန် သူ့တွင် ရွေးချယ်စရာ မရှိတော့။ အပေါ်ပိုင်းဗလာကျင်းနှင့် လွန်စွာလှပနေသော ချစ်ရသူကို ဘာမှမလုပ်ဘဲ နေနိုင်ရအောင်ထိ သူ၏ ထိန်းချုပ်နိုင်စွမ်းတို့သည်လည်း မမြင့်မားပေ။

မျက်နှာငယ်လေးနဲ့ ချစ်စရာကောင်းနေသော မျက်နှာနုနုလေးအား ခပ်ဖွဖွထိကိုင်၍ ဆွဲလှည့်ကာ နှင်းဆီဖူးသဖွယ် နီရဲနေသော နှုတ်ခမ်းနုနုထက်သို့ ဖိကပ်လိုက်သည်။

နူးညံ့သော နှုတ်ခမ်းသားချင်းထိတွေ့မှုအား ခံစားလိုက်ရသော ရီဟွား၏ ရင်ထဲအမည်မသိ ခံစားချက်တို့ လှိုက်ခနဲဖြစ်ပေါ်လာရသည်။ တခုခုအား လိုချင်တောင့်တနေသော စိတ်တို့ကြောင့် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်၍ အနမ်းအား ပြန်တုံ့ပြန်လိုက်သည်။

ချစ်ရသူလေး၏ ဆေးအရှိန်ကြောင့် ရမ္မက်ဆန်စွာ အနမ်းကို ဦးဆောင်လိုနေမှုအား ရှင်းယွဲ့ ရယ်ချင်မိသွားသည်။ အနမ်းတို့အား အမြဲလိုလို ငြင်းဆန်ခဲ့သူလေးသည် ယခုအချိန်တွင် ဆေးအရှိန်ဖြင့် ရိုးသားလွန်းနေသည်။

ချစ်ရသူကိုယ်ပေါ် နေရာအနှံ့လက်များအား ရွေ့လျားပေးလိုက်တော့ ပို၍ပြင်းသော အနမ်းတုံ့ပြန်မှုတစ်ခုအား ပြန်၍ ရရှိလိုက်သည်။

ချစ်သူလေးသည် သူ၏ နှုတ်ခမ်းလွှာတို့အား နမ်းရှိုက်နေရင်းမှပင် သူ၏ဝတ်ရုံတော်အားလည်း ကိုယ်မှဖယ်ခွာရန် ကြိုးစားနေလေသည်။ ကြိုးစားမှုတို့အရာထင်ကာ သူ၏ ကိုယ်ပေါ်ရှိ ညအိပ်ဝတ်ရုံတော်သည် ကိုယ်ပေါ်မှ ဖယ်ခွာသွားရသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now