အပိုင်း(၄၃) အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း

15.1K 2K 144
                                    


အပိုင်း(၄၃)

အမှတ်တရများ ပြန်လည်တွေ့ရှိခြင်း

ရှောင်အန်းနှင့် ဟိုင်ဝမ် မြေအောက်အကျဉ်းခန်းတွင် ပေါ်လာကြသည်။ ရှောင်အန်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်နှင့် အလင်းများ ထွက်ပေါ်လာပြီး အစောင့်များအားလုံး မေ့မျောသွားလေတော့သည်။

ရှောင်အန်း မေ့သွားသော အစောင့်တစ်ယောက်ထံမှ သော့အား ယူကာ အကျဉ်းခန်းတံခါးအား ဖွင့်လိုက်သည်။

တံခါးပွင့်သွားသည်နှင့် ဖမ်းခံထားရသူများထဲမှ အရှင်၏ အနားပုန်းကွယ်ကာ အမြဲရှိနေတတ်သော အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အား တွေ့လိုက်ရသည်။

"မင်းက ဧကရီရဲ့လူမလား"

သူ့အား သခင်လေး၏ လူယုံအဖြစ်သိထားသော အရိပ်ကိုယ်ရံတော်ခေါင်းဆောင်က ချက်ချင်းမေးလာသည်။

"အင်း"

"ဧကရီရော အဆင်ပြေရဲ့လား"

"အင်း မင်းကြီး သွားကယ်နေတယ်...ကုချန်းနဲ့ စစ်သားတွေကို ရိုးရိုးအကျဉ်းထောင်မှာ ဖမ်းဆီးထားတာ...အခု မင်းလုပ်ရမှာက အဲဒီအကျဉ်းထောင်ကိုသွား....သူတို့ကိုသွားကယ်...ပြီးရင် နန်းတော်ထဲက ကျောက်ဟွမ် လူတွေအကုန်မောင်းထုတ်ပစ်ဖို့ပဲ"

"ရှောင်ကုန်းဇီရော ဘယ်မှာလဲ"

သူ၏ အပြောအား ပြန်လည်ဖြေကြားခြင်း မရှိဘဲ အရှင့်အထိန်းတော်အား စိုးရိမ်တကြီး မေးနေသူကြောင့် ရှောင်အန်း မျက်မှောင်ကြုတ်လိုက်မိသည်။

"မသိဘူးလေ ဖမ်းချုပ်ခံထားရတာ နေမှာပေါ့"

"သူ ဘာမှမဖြစ်ဘူးမလား...မသေဘူးမလား"

ရှောင်အန်း သိပ်စိတ်မရှည်ချင်တော့။

"မသေဘူး...သူ သေတယ်လို့ မကြားမိဘူး...မင်းက ဘာလို့ သူ့ကို မေးနေရတာလဲ...သူ့မိသားစုဝင်မို့လို့လား"

"ဟုတ်တယ်...သူ့ရဲ့မိသားစုဝင်မို့"

ရှောင်အန်း အံ့သြသွားရသည်။

"ကုန်းကုန်း တစ်ယောက်မှာ မိသားစုဝင် ရှိတယ်လို့ ငါ မကြားဖူးပါဘူး"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now