အပိုင်း(၃၂) လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း

13.8K 1.8K 38
                                    


အပိုင်း(၃၂)

လက်ထပ်ပွဲအတွက် ပြင်ဆင်ခြင်း

ရှင်းယွဲ့ အိပ်ဆောင်ပြန်ရောက်သည်အထိ ရှောင်ဟွား မနိုးသေး။

ရှောင်ကုန်းဇီသည် စွတ်ပြုတ်ပန်းကန်နှင့် ဆေးအား ပြန်နွှေး၍ ယူလာသည်။ ပြန်မအေးခင် သောက်ရန်လိုသောကြောင့် ရှောင်ဟွားအား ညင်သာစွာ လှုပ်နှိုးလိုက်သည်။

"ရှောင်ဟွား ထတော့...စွတ်ပြုတ်သောက်ပြီး ဆေးသောက်ရအောင်"

ရီဟွား အိပ်ချင်မူးတူး မျက်လုံးများအား ပွတ်သပ်ကာ ရှင်းအား ကြည့်လိုက်သည်။

"ညီလာခံက ပြန်လာပြီလား"

"အင်း ထ...ဆေးသောက်ရအောင် စွတ်ပြုတ်နည်းနည်း ဝင်အောင်သောက်ဦး"

"ဟုတ်ကဲ့"

ရီဟွား အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ်ထထိုင်လိုက်၏။

ရှုပ်ပွနေသော ဆံပင်များဖြင့် အမွှေးပွအကောင်လေးလို အိပ်ရာထစူပုပ်ပုပ်လေးဖြစ်နေသော ကောင်လေးအား ကြည့်ကာ ရှင်း အသည်းယားသွားရသည်။

လွန်စွာ ချစ်ဖို့ကောင်းသော ကောင်လေးသည် သူ၏ အပိုင်ဖြစ်ကြောင်း တွေးမိတော့ ရင်ထဲတွင် ကျေနပ်မှုတို့ ဖြစ်တည်လာရသည်။

နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ချစ်ရသူလေးအား ဆုံးရှုံးရမည်ကိုတော့ သူ လွန်စွာ ကြောက်ရွံ့နေမိသည်။  မည်သူမျှ အန္တရာယ် မပေးနိုင်သော နေရာတွင် သူ့အပိုင် ချစ်သူလေးအား ဖွက်ထားချင်မိသည်။

ရီဟွား မျက်လုံးများ မဖွင့်ဘဲ ပါးစပ်ဟကာ ရှင်း ခွံ့တိုက်သည်အား စောင့်နေလိုက်၏။

ခုထိ အိပ်ရာထချင်ပုံမရသော ချစ်သူအား စွတ်ပြုတ်များဘေးသို့ ဖိတ်စင်မကျစေရန် ဂရုစိုက်၍ တိုက်လိုက်သည်။

စွတ်ပြုတ်တိုက်ပြီးနောက် ဘေးနားရှိ ရှောင်ကုန်းဇီ ကိုင်ထားသော ဆေးခွက်အား ယူကာ မှုတ်လိုက်ပြီး တဇွန်းခပ်တိုက်လိုက်သည်။

ချက်ချင်းပင် ရီဟွား၏ အိပ်ချင်နေသော မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now