အပိုင်း(၂၉) မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း

15.3K 2.1K 146
                                    

အပိုင်း(၂၉)

မင်းကြီးနှင့်အတူတူ အိပ်စက်ခြင်း

ယွီလေး သခင်လေး အရမ်းကြိုက်သောသေရည်ပုလင်းအား ကိုင်ကာ သခင်လေးအခန်းထဲသို့ ဝင်သွားလိုက်သည်။ သူထင်သည့်အတိုင်းပင် သခင်လေးသည် ခုချိန်ထိ အိပ်မပျော်သေးပေ။

"သခင်လေး"

သူ၏ ခေါ်သံကြောင့် သခင်လေးသည် သူရှိရာဘက် လှည့်ကြည့်လာသည်။ သို့သော် သခင်လေး၏ တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်ကတော့ သူ့ကို မဟုတ်။ သူ၏ လက်ထဲရှိ သေရည်အိုးကိုပင်။

"ဝိုး ယွီလေး မင်းကအရမ်းအလိုက်သိတာပဲ...ငါ တကယ် စိတ်တွေရှုပ်နေလို့ သေရည်သောက်ချင်နေတာ...မင်း ဝယ်လာတဲ့ လက်ဆောင်က သေရည်မှန်နေတာပဲ...ဒါကို မနက်ကသေရည်မဟုတ်ဘူးလို့ ငါ့ကိုပြောသေးတယ်...ထားလိုက်ပါတော့ သေရည်မျက်နှာနဲ့ ငါမင်းကို အပြစ်မတင်တော့ဘူး"

သခင်လေးသည် ချက်ချင်း သူရှိရာဘေးသို့ ရောက်လာပြီး သေရည်ပုလင်းအား မ,သွား​လေ
သည်။ ထို့နောက် ထိုင်ခုံတွင်ထိုင်ကာ သေရည်ပုလင်းအဖုံးအား ဖွင့်လိုက်ပြီး ပုလင်းလိုက်မော့သောက်လေတော့သည်။

"သခင်လေး လျှော့သောက်...ကျွန်တော် အကောင်းနဲ့ သတိပေးတာ"

"ဘာဖြစ်လို့လဲ"

"အဟမ်း"

ယွီလေး ချောင်းဟန့်ကာ ဆက်ပြောလိုက်၏။

"ဘာမှ မဟုတ်ပါဘူး...သခင်လေး အရမ်းမူးမှာစိုးလို့ပါ"

"မူးလည်း ခဏပဲ...စိတ်တွေရှုပ်နေတော့ မူးရင်ပိုကောင်းတယ်"

သေရည်များ သောက်လိုက်သောကြောင့် နီရဲလာသည့် သခင်လေးမျက်နှာအား ကြည့်ရင်း ယွီလေးသက်ပြင်းချမိသည်။ သခင်လေး မျက်လုံးများ ရီဝေလာပြီး မူးနေပြီမှန်း သေချာနေလေပြီ။

ရုတ်တရက် ခံစားလိုက်ရသော ခံစားချက်ကြောင့် ယွီလေးစိုးရိမ်သွားရသည်။

"သခင်လေး အရှင် အနာတရတစ်ခုခုဖြစ်တယ်ထင်တယ်...ကျွန်တော် အဲဒီခံစားချက်ရလိုက်တယ်...အရှင့်ဆီ အခုသွားကြည့်လိုက်ဦးမယ်"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now