အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်

19K 2.4K 110
                                    

Unicode

အပိုင်း(၂၁)

မျှော်လင့်မထားသော လက်ထပ်ခွင့်

ဝါးပင်များဖြင့် စိမ်းစိုလှပသော ခြံဝန်းတစ်ခုထဲတွင် သခင်လေးတစ်ယောက်သည် တစ်ကိုယ်တည်း အေးဆေးစွာထိုင်နေသည်။

သိပ်မကြာမီ ကြည့်ကောင်းသပ်ရပ်သော ကောင်လေးတစ်ယောက်သည် ချောမောသော သခင်လေးရှိရာဆီသို့ မဝံ့မရဲပုံစံဖြင့် ချဉ်းကပ်လာသည်။

"သခင်လေး"

"ဘာလဲ"

ပြန်ဖြေလာသော ဖြေသံထဲတွင် စိတ်တိုနေသောအရိပ်အယောင်တို့ အပြည့်အဝပါနေလေသည်။

"ခုထိ စိတ်ဆိုး မပြေသေးဘူးလား"

"...."

ဘာမှ ပြန်မပြောလာသော သူ၏ သခင်လေးကြောင့် စိတ်ဆိုးမပြေသေးမှန်း ယွီလေးသိရှိလိုက်သည်။

"သခင်လေး ကျွန်တော့်ကို ထရိုက်ရင်ရိုက် ထကန်ရင်ကန်လိုက်ပါ...စကားမပြောဘဲတော့ မနေပါနဲ့...ကျွန်တော့်ရင်တွေ နာရလို့ပါ"

"အပိုတွေ လုပ်မနေနဲ့ ငါမင်းကို စကားမပြောတာ တစ်ရက်တောင် မပြည့်သေးဘူး"

သခင်လေး စကားကြောင့် ယွီလေး အော်ငိုရန် လုပ်နေသော အစီအစဉ်တို့ ရပ်တန့်သွားရသည်။

"သခင်လေး ကျွန်တော် ဘယ်လိုလုပ်ပေးမှ စိတ်ဆိုးပြေမှာလဲ"

"ရှင်း ဆီကို ငါနဲ့ ပတ်သတ်တာ ဘာမှပြန်မပြောရဘူး"

"စိတ်ချပါ...ကျွန်တော် ဘာမှ ပြန်မပြောတော့ဘူး...ကတိပေးတယ် သခင်လေး...ကျွန်တော့်ကို ယုံတယ်မလား"

ရီဟွား ရယ်ကျဲကျဲပြောနေသော ကောင်လေးအား မျက်စောင်းထိုးလိုက်သည်။ ယွီလေးသည် သူ ဒီကို ရောက်လာချိန်တွင် ပထမဆုံး သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သည့်သူပင်။

မိသားစု ဘဝကို မပိုင်ဆိုင်ခဲ့ရသည့် သူ့အတွက် ပထမဆုံး မိသားစုဝင်အဖြစ် သတ်မှတ်ခဲ့သူ ဖြစ်သောကြောင့် စိတ်ဆိုးချင်သော်လည်း ကြာကြာစိတ်ဆိုး၍ မရပေ။

"မူလ ယွီလေးက ဘယ်မှာလဲ"

သူ သိချင်နေသော မေးခွန်းကို ယွီလေးအား မေးလိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now