အပိုင်း(၁၃) သေရည်မူးကာ သောင်းကျန်းခြင်း

22.3K 3K 110
                                    

Zawgyi


ဘုံကျောင်းပျက်တစ်ခုထဲတွင် လူလေးယောက်ရှိနေကြသည်။ အသက်အငယ်ဆုံးဖြစ်သော သခင်လေးက စကားစပြောလိုက်၏။

"ကုချန်း လူအင်အားစုဆောင်းတာ အဆင်ပြေလား...အခြေအနေ ဘယ်လိုရှိလဲ"

ကုချန်းဆိုသူသည် သခင်လေး၏ စကားအား ပြန်လည်ဖြေကြားလိုက်သည်။

"အားလုံးအဆင်ပြေပါတယ် သခင်လေး...အချိန်အတိုင်းအတာတစ်ခုရောက်ရင် သခင်လေးလက်အောက်မှာ တပ်စုတစ်စုစာ နီးပါးရှိတဲ့ လူအင်အားတစ်ခုရောက်အောင် ကျွန်တော်မျိုး လုပ်ပေးနိုင်ပါတယ်"

"ကောင်းပြီ"

ထို့နောက် သခင်လေးသည် အရမ်းလှပသော မိန်းကလေးဘက်လှည့်ကာ မေးလိုက်သည်။

"ပိုင်ရန်ကျဲ ဘက်ကရော အခြေအနေဘယ်လိုလဲ....အဆင်ပြေလား"
(ကျဲ - မမ)

ဆောင်ကြာမြိုင်မှ မိန်းကလေးနှင့် မတူစွာ ရိုးရှင်းသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှလေးသည် တရိုတသေဖြင့် ပြန်ပြောလာသည်။

"အားလုံးအဆင်ပြေပါတယ် သခင်လေး...မြို့တော်မှာ ချန်းရီ ဆိုင်တွေရဲ့ အောင်မြင်မှုကလည်း အံ့မခန်းပါပဲ...လက်အောက်ငယ်သားတွေကိုလည်း သေချာကွပ်ကဲထားနိုင်ပါတယ်...နာမည်ကြီးကုန်သည်ကြီးတွေအကုန် ချန်းရီဆိုင်နဲ့ စီးပွားရေးပါတနာအဖြစ် လက်တွဲချင်နေကြတယ်...သခင်လေး သဘောထားကရော"

"ပို့ဆောင်ဆက်သွယ်ရေးဘက်မှာလဲ နေရာတစ်ခုယူနိုင်မှ ဖြစ်မယ်...သေချာလေ့လာပြီး တခြားနေရာတွေ ချန်းရီရတနာပစ္စည်းတွေ ကုန်သွယ်ဖို့ ပူးပေါင်းရမယ်...ဒါနဲ့ ပိုင်ရန်ကျဲ ကြည့်ရတာ အဝတ်အစားနဲ့ ပတ်သတ်ပြီး အရမ်းအမြင်ရှိသလိုပဲ"

ရီဟွား၏ အမေးအား ပိုင်ရန်မိန်းကလေးသည် လျင်မြန်စွာ ဖြေကြားလိုက်သည်။

"ကျွန်တော်မျိုးမ ဆောင်ကြာမြိုင်မှာ မနေခင်က အထည်ချုပ်ဆိုင်မှာ အလုပ်သမအဖြစ်လုပ်ကိုင်ဖူးပါတယ်"

"ကျွန်တော် ပိုင်ရန်ကျဲအတွက် အထည်ချုပ်ဆိုင်တစ်ခုဖွင့်ပေးမယ်...ပိုင်ရန်ကျဲ သေချာပေါက် ဦးစီးလုပ်ကိုင်နိုင်မယ်လို့ ယုံကြည်တယ်"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now