အပိုင်း(၄၄) final လှပသော ထာဝရ ချစ်ခြင်းတစ်ခု 🙆🙆

23.3K 2.2K 169
                                    


အပိုင်း(၄၄)

လှပသော ထာဝရ ချစ်ခြင်းတစ်ခု

ဆေးရုံဆင်းပြီးနောက် အိမ်တွင်သာ နေနေရသဖြင့် ပျင်းရိကာ ရီဟွား အပြင်ထွက်လာခဲ့လိုက်သည်။ လွတ်လွတ်လပ်လပ် သွားလာရနှစ်သက်သူ ဖြစ်သောကြောင့် ကားစီးရခြင်းအား မနှစ်သက်။ သွားလေရာ ကားယူခြင်းက သူ့အတွက် ရှားပါးလွန်းသည်။

ညဘက်ဖြစ်သော်လည်း ခမ်းနားလှသော Beijing မြို့ကြီးသည် လင်းထိန်ကာ လူများပျားပန်းခေတ် လှုပ်ရှားသွားလာနေကြသည်။ သူ၏ ကွန်ဒိုမှ ဆင်းဆင်းချင်း Beijing မြို့၏ ထင်ရှားလှသော နေရာများထဲက တစ်ခုဖြစ်သည့် The Place Shopping Buildingကြီး ရှေ့သို့ ရောက်ရှိလာလေသည်။

LED များဖြင့် လွန်စွာလှပသော the Placeသည် ဘယ်သောအခါမှ လာရောက်လည်ပတ်သူ ပြတ်လပ်သွားခြင်း မရှိပေ။ Foreignerများအား ဆွဲဆောင်နိုင်သည့် နေရာဖြစ်သည့်အပြင် ပြည်တွင်းရှိ လူကြီး၊ လူငယ်၊ ကလေးများ အားလုံး သဘောကျ နှစ်ခြိုက်သည့် နေရာတစ်ခုလည်း ဖြစ်နေသည်။

ရီဟွား ထိုလှပလွန်းသော နေရာအား လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ နှစ်တော်တော်ကြာ နေခဲ့သော နေရာနှင့် လွန်စွာကွာခြားလွန်းလှသည်။

ပြောင်းလဲတိုးတက်လာသော နည်းစနစ်များကြောင့် ခေတ်မှီလာမှုများ၊ ဝတ်စားဆင်ယင်မှုများ အားလုံး ပြောင်းလဲသွားကြသော်လည်း မပြောင်းမလဲ ရှိနေသော အရာမှာ သူ၏ ရင်ထဲမှ အမှတ်တရများပင်။ ခေတ်မှီစက်ပစ္စည်းများ မရှိသည့်နေရာတွင် ချစ်ခြင်းမေတ္တာတို့ဖြင့် ပျော်ရွှင်စွာ သူ နေထိုင်ခဲ့ဖူးသည်။ ထိုနေရာတွင် အချစ်တို့ဖြင့် သူ၏ ဘဝတစ်ခုလုံး လှပသာယာခဲ့ဖူးသည်။

သို့သော် လူသားတိုင်း မလွန်ဆန်နိုင်သည့် အကြောင်းအကျိုးတရားတို့အား သူသည်လည်း မလွန်ဆန်နိုင်ခဲ့ပေ။ မျက်လှည့်ဆန်ဆန် တခဏအတွင်း အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

အကယ်၍ သူ့သာ အက်စီးဒင့်ဖြစ်ချိန်အစကို ပြန်ရောက်သွားပြီး အချိန်ခရီးသွား မသွား ပြန်ရွေးချယ်ခွင့်ပေးခဲ့မည်ဆိုလျှင် သူသေချာပေါက် ပြန်သွားရန် ရွေးချယ်ပေလိမ့်မည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now