အပိုင်း(၂၃) ဖွင့်ဟဝန်ခံခြင်း

16.3K 2.2K 114
                                    


အပိုင်း(၂၃)

ဖွင့်ဟဝန်ခံခြင်း

နန်းဆောင်ရှေ့ရောက်လာသော ရီဟွားတစ်ယောက် အစောင့်များ အခြွေရံများအားလုံးအား လျစ်လျူ ရှုကာ နန်းဆောင်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။

ရှောင်ကုန်းဇီတစ်ယောက် သခင်လေးရီဟွားဘေးရှိ အန္တရာယ်အငွေ့အသက်များအား ခံစားလိုက်ရသောကြောင့် ရှေ့တွင်ရပ်ကာ အလျင်အမြန် တားဆီးလိုက်ရသည်။

"သခင်လေး တစ်ခုခုများ ဖြစ်လာလို့လား...အထဲမှာ မင်းကြီးက အမတ်တွေနဲ့ တိုင်ပင်ဆွေးနွေးနေလို့ အရေးကြီးကိစ္စဆို ကျွန်တော်မျိုး အကြောင်းကြားလိုက်ပါမယ်"

ရီဟွား ဒေါသထွက်နေသော မျက်နှာဖြင့်ပင် ရှောင်ကုန်းဇီအား ပြောလိုက်သည်။

"အရေးကြီးကိစ္စနဲ့ ငါ ရောက်နေတယ်လို့ အကြောင်းကြားပေး...အရေးကြီးလို့ နှစ်ယောက်တည်းပဲ ပြောချင်တယ်လို့ ပြောလိုက်"

ရီဟွား၏ အခြေအနေအား အကဲခတ်တော်သော ရှောင်ကုန်းဇီသတိထားမိပြီး ချက်ချင်းနန်းဆောင်ထဲ ဝင်ကာ အကြောင်းကြားတော့သည်။

တခဏအကြာ ရှောင်ကုန်းဇီနှင့်အတူ စစ်သူကြီးနှင့် နန်းဆောင်အတွင်းမှ အမတ်များ အပြင်သို့ထွက်လာကြသည်။

ရှောင်ကုန်းဇီ သခင်လေးရီဟွားအား အမြန်လျှောက်တင်လိုက်၏။

"သခင်လေး မင်းကြီးက ဝင်လာခဲ့ပါတဲ့"

စစ်သူကြီး ညီငယ်၏ မျက်နှာပုံစံအား ကြည့်ကာ အခြေအနေအား မေးမြန်းရန် ပြင်လိုက်စဉ် သူ့အား ကျော်တက်ကာ နန်းဆောင်ထဲ ဝင်သွားသောကြောင့် ဆွံ့အသွားရသည်။ ဟွားအော်သည် တစက်လေးမှပင် သူ့အား မြင်ပုံမရပေ။

နန်းဆောင်ထဲမှ ရုတ်တရက်နှင်ထုတ်ခံလိုက်ရသော အမတ်များသည်လည်း နားမလည်နိုင် ဖြစ်နေကြသည်။

ရီဟွား နန်းဆောင်ထဲရောက်သည်နှင့် ရွှေရောင်ခုံတစ်ခုထက်တွင် ထိုင်နေသော ရှင်းအား တွေ့လိုက်ရတော့သည်။

"ရှောင်ဟွား ဘုရားကျောင်းကပြန်ရောက်ချင်း ကိုယ့်ကိုလာတွေ့တာက အဖြေပြန်ပေးမလို့လား"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now