အပိုင်း(၂၆) လေးစားရသော အမတ်ချုပ်ကြီး

14.6K 1.9K 33
                                    


အပိုင်း(၂၆)

လေးစားရသော အမတ်ချုပ်ကြီး

၂နှစ်ကြာပြီးနောက်....

အနောက်တောင်နယ်စပ်ဒေသ....

စစ်စခန်းတစ်ခုထဲတွင် စစ်ဝတ်စုံများအား ဝတ်ဆင်ထားသော လူငါးယောက်ခန့် ရှိနေကြသည်။ ထိုလူငါးယောက်ထဲတွင် သိသိသာသာ ထင်ရှားနေသူ နှစ်ဦးသည် ထိပ်တည့်တည့်တွင် နေရာယူထားပြီး ကျန်သူများသည် ဘေးတစ်ဖက်တချက်စီတွင် ရှိနေကြသည်။

ထိပ်ဆုံးနေရာရှိ ချောမောသော ရုပ်ရည်ပိုင်ရှင် ယောကျာ်းလေးသည် စားပွဲပေါ်ရှိမြေပုံအား ကြည့်ကာ သူ့၏ဘေးရှိ လွန်စွာလှပသော ဆံနွယ်ရှည်များအားစုစည်းထားသည့် မိန်းမပျိုလေးဘက် လှည့်ပြောလိုက်သည်။

"ရှင်းရန် ငါတို့ တပ်စွဲထားတာ မြေနိမ့်ပိုင်းပဲ...ရာသီဥတုအခြေအနေကြည့်ရတာ မကြာခင် မိုးရွာလိမ့်မယ်...သူတို့ခံတပ်က ကုန်းမြင့်မှာရှိတာမို့ ငါတို့ဘက်က သူတို့ထက်အင်အားအရမ်းသာပေမဲ့ မိုးရွာတဲ့ခါ မြေနိမ့်ကို ရေတွေစီးကျရင် ကြာတဲ့အခါငါတို့တွက် အခက်ခဲဖြစ်လာနိုင်တယ်...အဲဒီအခါ တပ်ဆုတ်ရုံဘဲ ရှိတော့မှာ...ခုခြေနေမှာ သူတို့ဘက်မှာလည်း စားနပ်ရိက္ခာအပြည့်အဝရှိနေတော့ ခံတပ်ကနေ ထွက်ဖို့ကို လုံးဝရွေးချယ်မှာ မဟုတ်ဘူး"

"အဲဒါဆို ငါတို့က တပ်ဆုတ်ရုံပဲ ရွေးချယ်စရာရှိတော့တာလား ဝမ်ရယ်...ငါတို့ဘက်က အသာကြီးကို တပ်ဆုတ်ရမယ်ဆိုရင် ငါတို့ဘက်က အရှုံးပဲ"

"တခြား ဘယ်လိုလုပ်စရာ ကျန်လို့လဲ ရှင်းရန်...သူတို့က ခံတပ်ကနေ လုံးဝထွက်မလာကြဘူးလေ...စစ်တပ်အလုံးအရင်းနဲ့ ဝင်တိုက်လို့မှ မရတာ...ငါတို့လူအနည်းငယ်လောက်ပဲ ခံတပ်ထဲခိုးဝင်ပြီး တိုက်လို့ကလည်း အဆင်မှ မပြေနိုင်တာ...တခြား အကြံပေးစရာရှိသေးလား...ရှိရင် ငြိမ်မနေဘဲ အကြံပြုချက် တင်ပြကြ"

အကုန်လုံးသည် တိတ်ဆိတ်နေကြသည်။ ဘယ်သူမှ မည်သို့အကြံပေးရမည်မှန်း မသိကြပုံ။ ကျောက်ဟွမ်အနေဖြင့် စစ်ပွဲအား အနိုင်ရရန် အစွမ်းများသုံးကာ တိုက်ခိုက်၍ ရသော်လည်း ခုချိန်တွင် အစွမ်းသုံးရန် အချိန်မကျသေး။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now