အပိုင်း(၂) အလကားရလိုက်သော Brocon အကိုကြီး

38.3K 3.9K 63
                                    

Zawgyi


ဝါးပင်​များနှင့်​ စိမ်းစိုလှပ​သော ခြံဝန်းထဲတွင်​ အဖြူ ​ရောင်​ ပိုးဝတ်​ရုံရှည်​ကို ဝတ်​ဆင်​ထား​သော လွန်​စွာ ​ချော​မောသည့်​ သခင်​​လေးတစ်​​ယောက်​သည်​ သူ၏ အ​ခြွေရံနှင့်​ အတူ လမ်း​လျှောက်​​နေသည်​။

ထိုမြင်​ကွင်းသည် ​​အ​ဝေးမှ ကြည့်​လျှင်​ပင်​ ပန်းချီ​ဆွဲချင်​စရာ ​ကောင်း​လောက်​​အောင်​ သက်​ဝင်​လှပလွန်း​နေသည်​။ ထိုမျှ ဆွဲ​ဆောင်​မှုရှိလှ​သော သခင်​​လေးသည်​ အခြားလူမဟုတ်​။ သိပ်​မကြာ​သေးခင်​က ဝိညာဉ်​ကူး​ပြောင်းခံလိုက်​ရ​သော ​ကောင်​လေး ရီဟွားပင်​။

ရီဟွား လက်နှစ်ဖက်ကိုနောက်ပစ်လိုက်​ပြီး ဟိုဟိုသည်သည်ကြည့်ကာ မှတ်ချက်ပြုလိုက်​သည်။

"တစ်​​ခြံဝန်းလုံးကို စိမ်း​နေတာဘဲ...မသိရင်​ ဝါးရုံ​တောထဲ​ရောက်​​နေသလိုလို...မင်း သခင်​​လေး အကြိုက်​ကလည်း ထူးဆန်းလိုက်​တာ"

ရီဟွားစကားကြောင့် ​ဘေးတွင်​အတူ လမ်း​လျှောက်​​နေ​သော ယွီလေး နားဝေတိမ်တောင်ဖြစ်သွားရ၏။ သခင်လေးခေါင်း တကယ်​တစ်ခုခုဖြစ်သွားပြီဟု​ ​တွေးမိသွားပြီး အရမ်းဝမ်းနည်းကာ စတင်​ငြီးတွား​တော့သည်။

"ကျွန်​​တော့်​ သခင်​​လေးက သခင်​​လေးဘဲ​လေ သခင်​​လေးရဲ့...သခင်​​လေး ဘာမှကို မမှတ်​မိ​တော့ဘူးလား သခင်​​လေး...အမ​လေး အဖြစ်​ဆိုးလှချည်​လား သခင်​​လေး...ဒီကျွန်​ သခင်​​လေးအတွက်​ ရင်​​တွေနာလိုက်​တာ...အမ​လေး သခင်​​လေးတွက်​ ဒီကျွန်​ ဝမ်းနည်းရလွန်းလို့ ​သေ​တော့မယ်​...မိုးနတ်​မင်းကြီး သခင်​​လေးကို ပြန်​မှတ်​မိ​အောင်​ ကူညီ​ပါ...သခင်​​လေးကို ကယ်​တင်​​ပေးကြပါ နတ်​မင်းကြီးအ​ပေါင်း​​တို့ရယ်​"

"တိတ်​စမ်း...နိမိတ်​မရှိ နမာမရှိ ​အော်​မ​နေစမ်းနဲ့...သခင်​​လေးဆိုပြီး ပါးစပ်​ကမချဘဲ အာပြဲသံကြီးနဲ့ဆက်​တိုက်​​အော်​​နေတာ...ငါ နားကန်း​တော့မယ်​ဟ"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now