အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း

21.7K 2.8K 165
                                    

Unicode

အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း

ပြတင်းပေါက်မှ တိုးဝင်လာသော စူးရှသည့် အလင်းရောင်ကြောင့် ရီဟွား နိုးလာခဲ့သည်။ ကိုက်ခဲနေသော ခေါင်းကြောင့် ရီဟွားခေါင်းအား ဖိကိုင်၍ ကြိုးစားကာ ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ 

မနေ့ညက ညီဝမ်းကွဲလေးနဲ့ သေရည်သောက်လိုက်တာ အရမ်းလွန်သွားပုံရသည်။ ဘာမျှပင် စဉ်းစားလို့မရ။

အိပ်ခန်းတံခါးပေါက်မှ အလွန်မွှေးသော ဟင်းချိုခွက်တစ်ခွက်အား ကိုင်ကာ ဝင်လာသော ယွီလေးဆီသို့ အကြည့်တို့ကျရောက်သွားရသည်။

"ယွီလေး ဘာဟင်းရည်လဲ"

"အရက်နာကျသက်သာစေတဲ့ ဟင်းရည်"

ယွီလေးစကားကြောင့် ရီဟွားတော်တော်နင်သွားရသည်။ ယွီလေးပုံကြည့်ရသည်မှာ သူ့အား အတော်စိတ်ဆိုးနေပုံရသည်။

သူ ယွီလေး လက်ထဲမှ ဟင်းရည်ခွက်အား လှမ်းယူလိုက်ပြီး တစ်ဇွန်းခပ်၍ မပူအောင် မှုတ်လိုက်၏။

"မနက်စောစောစီးစီး စစ်သူကြီးဆီ သတင်း​ကောင်းရောက်လာတယ်...သခင်လေး စာမေးပွဲကို ပထမအဆင့်နဲ့ အောင်တယ်တဲ့...စစ်သူကြီးက သတင်းကောင်းမို့ သခင်လေးနိုးနိုးချင်းပြောဖို့မှာသွားတယ်...ပြောတော့ ကျပြီဆို"

ရီဟွား ပါးစပ်ထဲသွင်းရန် ပြင်နေသော ဟင်းရည်ဇွန်းသည် လေထဲတွင်ရပ်တန့်သွားတော့သည်။ မယုံကြည်နိုင်စွာ ယွီလေးအား ပြူးကြည့်လျက်။

"ဘာ ငါ ပထမအဆင့်နဲ့ အောင်တယ် ဟုတ်လား...ငါ မသိဘူးလို့ဘဲ ဖြေခဲ့တာ...ယွီလေး ငါထပ်ပြီး အိပ်မက်မက်နေတာလား"

သူ ယွီလေး၏ အဖြေကိုပင် မစောင့်နိုင်ဘဲ ဟင်းရည်ပန်းကန်အား ဘေးစားပွဲပေါ်တင်လိုက်ပြီး ရုတ်တရက် အိပ်ရာပေါ်မှ ဆင်းလိုက်သည်။

"ယွီလေး ငါ့ကို အင်္ကျီလဲပေး...နန်းတော်ထဲဝင်မယ်...ရှင်း ကို သွားတွေ့ရမယ်"

ပျာယာခတ်နေသော သူ၏ သခင်လေးကြောင့် ယွီလေး သခင်လေးအား အဝတ်ကူလဲပေးလိုက်သည်။

"ကျွန်တော် မလိုက်ခဲ့တော့ဘူးနော် သခင်လေး...မင်းကြီးက ကျွန်တော့်ကို နန်းတွင်းဝင်ဖို့ တစ်ခါမှ မမိန့်ဖူးဘူး"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now