အပိုင်း(၃၄) လက်ထပ်ခွင့်

13.4K 1.8K 38
                                    

အပိုင်း(၃၄)

လက်ထပ်ခွင့်

မျက်တောင်တခတ်မျှအတွင်း ပြောင်းလဲသွားသော ပတ်ဝန်းကျင်အား ရီဟွား အံ့သြစွာ ငေးကြည့်နေမိသည်။

ရှေ့တွင် ရွှေရောင်လှပသော တံခါးတစ်ချက်ရှိနေပြီး တံခါးအတွင်းပိုင်းတွင် ရေကဲ့သို့ လှုပ်ခတ်နေသော အကြည်ရောင် ပုံစံရှိနေသည်။

ထိုတံခါး၏ ရှေ့တွင် ငွေရောင်ချပ်ဝတ်တန်ဆာများအား ဝတ်ဆင်ကာ လှံများအား ကိုင်ဆောင်ထားသည့် စစ်သည်ပုံစံ လူခြောက်ယောက်ခန့်​​ရှိနေကြသည်။

"ရှင်း ကျွန်တော့်ကို ဘယ်နေရာ ခေါ်လာ..."

သူပြောနေသော စကားပင် မဆုံးသေး။ ထိုလူခြောက်ယောက်သည် ချက်ချင်း သူတို့ရှေ့တွင် ဒူးထောက်လိုက်ကြသောကြောင့် ရီဟွား စကားတို့ရပ်တန့်သွားရသည်။

"ရှင်းယွဲ့နတ်ဘုရားကို ကောင်းကင်ဘုံကကြိုဆိုပါတယ်"

အကုန်လုံး ပြိုင်တူပြောလိုက်ကြသော စကားကြောင့် ရီဟွားဆွံ့အသွားရ၏။

သူ မသေဆုံးသေးဘဲ နတ်ပြည်သို့ ရောက်ရှိလာသည်လေ။

ရှင်းသည် ဘာစကားမှ မဆိုဘဲ လက်တစ်ဖက်အား အထက်သို မြှောက်ပြလိုက်သည်။ အကုန်လုံးသည် ဒူးထောက်နေရာမှ ထရပ်လိုက်ကြလေသည်။

"အရှင် ဘယ်နတ်နန်းဆောင်ကို ကြွချီပါမလဲ"

"ကြယ်တာရာမျှော်စင်ဆီ သွားမလို့....ဘယ်သူမှ အဲဒီနေရာကို ရောက်မလာစေနဲ့"

"မှန်ပါ အရှင်...ကျွန်တော်မျိူးတို့ သေချာစောင့်ကြပ်လိုက်ပါ့မယ်"

"ကောင်းကင်မင်းကြီး ရောက်လာရင်တောင် အဝင်မခံနဲ့...အရေးကြီးကိစ္စတစ်စုံတစ်ရာ ရှိရင် ငါသူ့ဆီလာခဲ့မယ်ပြောလိုက်"

"မှန်ပါ အရှင်"

ထို့နောက် ရှောင်ဟွား၏ လက်အား တွဲကာ ကောင်းကင်တံခါးဝအတွင်းသို့ ဝင်လိုက်သည်။

ရေကဲ့သို့ အကြည်ရောင်တို့လှုပ်ခတ်နေသော တံခါးအား ဖြတ်လိုက်ရသောကြောင့် ရီဟွား ကြောက်လန့်ကာ မျက်စိစုံမှိတ်ထားမိသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now