အပိုင်း(၃၅)လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်

14.5K 1.8K 36
                                    


အပိုင်း(၃၅)

လက်ထပ်ပွဲ ဖျက်ရန် အစီအစဉ်

"ရှင်း ကျွန်တော် အိပ်တော့မယ်...ခုချိန်မှာ ကျွန်တော် အပင်ပန်း မခံနိုင်သေးဘူး"

ရှင်း သူနှင့်မျက်နှာချင်းဆိုင်တွင် လှဲနေရာမှ တဖက်သို့ လှည့်ကာ အိပ်သွားသော ကောင်လေးအား အသည်းယားသွားရသည်။ ကိုယ်လုံးပေါ့ပေါ့လေးအေား ပွေ့ယူလိုက်ပြီး သူ၏ရင်ဘတ်ပေါ်၌ မှောက်လျက် တင်ထားလိုက်သည်။

"ရှင်း ဘာလုပ်တာလဲ"

အလန့်တကြား ပြောလာသော ကောင်လေး၏ နှာတံသွယ်သွယ်လေးအား လက်ညိုးကွေးကာ ထိ၍ပွတ်ဆွဲလိုက်၏။

"ရှင်း ကျွန်တော်တို့ အလောင်းအစားလုပ်ရအောင်"

ရုတ်တရက် စိုးရိမ်နေသော အမူအရာပျောက်သွားပြီး တခုခုအကြံရှိပုံနှင့် ထပြောသော ရီဟွားစကားကြောင့် ရှင်းယွဲ့ စိတ်ဝင်စားသွားရသည်။

"ဘာအလောင်းအစားလဲ"

"ကျွန်တော်တို့ လက်မောင်းလှဲရအောင်"

ရှင်းယွဲ့ ရယ်မောလိုက်ပြီး ရှောင်ဟွား၏ နဖူးအား လက်ညိုးဖြင့် ခပ်ဖွဖွ တောက်လိုက်သည်။

"မင်း ရှုံးမှာပေါ့"

"မရှုံးပါဘူး"

"ကောင်းပြီလေ ရှောင်ဟွားဘက်က ယုံကြည်ချက် ရှိနေတော့လည်း ဆော့တာပေါ့"

"လောင်းကြေးရှိတယ် ရှင်း"

ရှင်းယွဲ့ ရှေ့ရှိ အကြံအစည်ရှိနေပုံရသော ကောင်လေးအား ပြုံးကြည့်ရင်း မေးလိုက်သည်။

"ဘာလောင်းကြေးလဲ"

"တကယ်လို့ ရှင်း နိုင်ရင် ရှင်း စိတ်ကြိုက် လိုချင်တာ တောင်းလို့ရတယ်...ကျွန်တော်နိုင်ခဲ့ရင်တော့ ရှင်း ကျွန်တော့်ကို ဆယ်ရက်တိတိ ထိခွင့် မရှိဘူး ဘယ်လိုလဲ"

မျက်ခုံးတစ်ဖက်ပင့်ကာ စိန်ခေါ်သောပုံစံလုပ်နေသည့် ကောင်လေးကြောင့် ရှင်းယွဲ့ ရယ်ချင်သွားရသည်။ သေချာပေါက် အနိုင်သတ်မှတ်ထားပုံရ၏။

"ကောင်းပြီလေ ကိုယ်စဉ်းစားမယ်"

"လောင်းကြေးကမျှတပါတယ် ရှင်း"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now