အပိုင်း(၃၆) သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ

13.7K 1.7K 38
                                    


အပိုင်း(၃၆)

သွေးစွန်းသွားသော ဧကရီတင်မြှောက်ပွဲ

တော်ဝင်လက်ထပ်မင်္ဂလာပွဲနေ့....

အချိန်တော်တော်ကြာ လွတ်လပ်နေသောဧကရီ နေရာအတွက် တင်မြှောက်ပွဲဖြစ်သောကြောင့် တစ်တိုင်းပြည်လုံး နေရာအနှံ့အပြား၌ ပျော်ပွဲရွှင်ပွဲများကျင်းပနေကြသည််။ ယောကျာ်းလေးတစ်ယောက်ဖြစ်သော်လည်း သူတို့ချစ်ခင်လေးစားရသော အမတ်ချုပ်ကြီးဖြစ်သောကြောင့် ဘယ်သူကမျှ အပြစ်မမြင်ကြ။

မိန်းကလေးရှုံးအောင်လှပပြီး တိုင်းပြည်အတွက် များစွာအကျိုး​ပြုဆောင်ရွက်ခဲ့သော ထက်မြက်သည့် အမတ်ချုပ်ကြီးအား တစ်နိုင်ငံလုံး ဧကရီအဖြစ် တညီတညွတ်တည်း လက်ခံကြသည်။ ကန့်ကွက်ချင်သည့် လူနည်းစုရှိသော်လည်း လူအများစုအား မယှဉ်ပြိုင်နိုင်သောကြောင့် ငြိမ်နေကြရသည်။

စစ်သူကြီးအိမ်တော် ရုံဟွေ့ခြံဝန်းရှိ အဆောင်ထဲတွင် အနီရောင်ဝတ်စုံအား ဆင်မြန်ထားသည့် လွန်စွာ ချောမောလှပသော ကောင်လေးတစ်ယောက်သည် မှန်ရှေ့တွင် ထိုင်နေလေသည်။ မှန်ထဲရှိ သူ၏ပုံရိပ်အား မျက်တောင်မခတ် ကြည့်နေလေသည်။

ဖြူဖွေးသော နူးညံ့သော အသားအရေအား သစ်လွင်ခမ်းနားသော အနီရောင်ဝတ်ရုံက ပို၍တောက်ပစေသည်။ အညိုရောင်တောက်တောက်မျက်ဝန်း၊ ထူထဲသော မျက်ခုံး၊ ဖြောင့်စင်းသော နှာတံသွယ်သွယ်လေးနှင့်  နီရဲနေသည့် နှုတ်ခမ်းပါးလေးတို့သည် လှပသော မျက်နှာနုနုလေး၏ ပြယုဂ်များပင်။

အညိုရောင် ဆံနွယ်ရှည်များအား ရွှေရောင်သရဖူဖြင့် ဦးခေါင်းထက်တွင် စည်းနှောင်ထားပြီး လက်ဝတ်ရတနာအဖြစ် ငွေရောင်ကြိုးလေးနှင့် အထဲတွင် ရွှေရောက်တောက်ပနေသော ကြယ်လေးပါဝင်သည့် သလင်းကျောက်လည်ဆွဲလေးကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ အပြင်အဆင်သည် ရိုးရိုးရှင်းရှင်းလေးနှင့် ဆန်းပြားစွာ ကြည့်ကောင်းနေလေသည်။

"သခင်လေး မျက်နှာကို ပုဝါအုပ်တော့မလား"

အနီရောင်ပုဝါအား ကိုင်ကာ မေးမြန်းလာသည့် ယွီလေးအား ပြန်ဖြေလိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now