အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း

20.4K 2.7K 87
                                    

Zawgyi


တစ်ခါမှ အိပ်ရာစောစော မထခဲ့သော ရီဟွား အစောကြီးထကာ ထွက်လာခဲ့ရသောကြောင့် မျက်လုံးများမှေးစင်းကာ အိပ်ငိုက်နေသည်။ အဆင့်ခြောက် အရာရှိအမတ်သာ ဖြစ်သောကြောင့် ညီလာခံခန်းမထဲတွင် သူ့အား အရေးလုပ်သူတစ်ယောက်မှ မရှိ။

ထို့ကြောင့် လူကွယ်သော ထောင့်တစ်နေရာကို ခြေကုတ်ယူ၍ ငိုက်မြည်းနေလိုက်သည်။

ညီလာခံထိပ်ဆုံးတွင် ရှိနေသော စစ်သူကြီးတစ်ယောက် နောက်ဆုံးနေရာတွင် အိပ်ငိုက်နေသော ညီလေးအား စိုးရိမ်စွာ ခဏခဏလှည့်ကြည့်နေရသည်။

တခဏအကြာ မင်းကြီးကြွချီလာပြီ ဟူသော ကုန်းကုန်း၏ အော်သံကြောင့် ရှေ့ကိုသာ အာရုံပြန်စိုက်လိုက်ရသည်။

ရှင်း ညီလာခံ ခန်းမထဲ ဝင်ဝင်ချင်း လူအကွယ်နေရာတွင် ငိုက်နေသော ကောင်လေးအား ပထမဆုံးတွေ့လိုက်ရသည်။

ပုလ္လင်ပေါ်ရောက်သည်အထိ ချစ်ဖို့ကောင်းနေပုံအား ငေးကြည့်နေမိသည်။

အမတ်များ၏ သူ့အား အရိုအသေပြုသံများကြားမှသာ မျက်လုံးလေးများပြူးကြောင်ကြောင် ပွင့်လာပြီး သူ့အား အမတ်များနှင့်အတူလိုက်၍ အရိုအသေပြုလာသည်။ ပြီးနောက် မျက်လုံးပြန်မဖွင့်နိုင်ဘဲ ဆက်ပြီးငိုက်နေပြန်သည်။ သူ မရယ်မိအောင် တော်တော်ထိန်းထားရသည်။

ညီလာခံစတင်ပြီ ဖြစ်သောကြောင့် အမတ်များ၏ လျှောက်တင်ချက်စာလွှာများထဲမှ အပေါ်ဆုံးစာလွှာအား ယူဖတ်လိုက်သည်။

စာလွှာတွင်ပါသော အကြောင်းအရာအား ဖတ်အပြီး သူ၏မျက်ဝန်းများသည် အိပ်ငိုက်နေသူလေးထံ ပြန်ရောက်သွားသည်။

တော်တော်မွှေတာပဲ ရှောင်ဟွား၊ ဒီစာလွှာဖတ်လိုက်ရင် အိပ်ငိုက်နိုင်သေးလား ကြည့်ရသေးတာပေါ့။

သူ တွေးလိုက်ပြီး ခပ်လှောင်လှောင်ပြုံးလိုက်မိသည်။

"အဆင့်သုံး အမတ်ကြီးရန် ရဲ့ လျှောက်တင်လွှာက အခုမြို့တော်မှာ နာမည်ကြီးနေတဲ့ ချန်းရီဆိုင်တွေ အကြောင်း လျှောက်တင်ထားတာပဲ...ကိုယ်တော့်ကို ပြည့်ပြည့်စုံစုံ လျှောက်တင်ပါ"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now