အပိုင်း(၇) ထူးဆန်းလွန်းသော အဓိက ဇာတ်ဆောင်နှစ်ယောက်

24K 2.9K 40
                                    

Unicode

အပိုင်း(၇)ထူးဆန်းလွန်းသော အဓိကဇာတ်ဆောင်နှစ်ယောက်

"သခင်လေး ထဦး ထဦး"

မနက်စောစောစီးစီး ကြားလိုက်ရသော ငှက်ဆိုးထိုးသံအား ဂရုမစိုက်စွာ ရီဟွား တစ်ဖက်လှည့်၍ ပြန်အိပ်လိုက်၏။

"သခင်လေး ပြန်အိပ်လို့ မရဘူးနော်...အပြင်မှာ ဝမ်ရယ်နဲ့ သခင်မလေး ရှင်းရန်တို့ ရောက်နေကြတယ်"

ရီဟွား အိပ်ချင်နေသော စိတ်များ ပျောက်သွားပြီး ရုတ်တရက် ထထိုင်လိုက်မိသည်။

ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ သူ့ဆီ ဒီလောက်မြန်မြန်ရောက်လာမည်ဟု သူ မထင်ထားမိခဲ့။ သူတို့နှစ်ယောက် အခန်းကဏ္ဍများ ပါဝင်လာပြီ ဖြစ်သောကြောင့် မကြာခင် ဇာတ်ကြောင်း ပြန်လည်စတင်လောက်သည်။

"ငါ့ကို အင်္ကျီဝတ်ဖို့ ကူပေး"

ညဝတ် အောက်ခံအင်္ကျီရှည် အပါးလေးသာ ဝတ်ထားသောကြောင့် ယွီလေးအား အင်္ကျီ ထပ်ဝတ်ပေးရန် ပြောလိုက်သည်။

ယွီလေးသည် သူ့အား နားမလည်စွာ ကြည့်လာ၏။

"ဒီတိုင်း ထွက်မတွေ့ဘူးလား သခင်လေး"

ယွီလေး စကားကြောင့် ရီဟွားစိတ်ထဲတွင် ယွီလေးအား ကျိန်ဆဲလိုက်မိတော့သည်။

'Fuck ငါ မဆဲချင်ဘူးနော်...သောက်ပါးစပ်က ပေါက်ကရပဲပြောတတ်တယ်...မင်းအမေလင် ငါက ဒီပုံစံနဲ့ ထပ်တွေ့ရအောင်ထိ မရူးဘူးကွ'

သူ၏ ဒေါသဖြင့် စိုက်ကြည့်နေသော အကြည့်အား သတိထားမိသွားသော ယွီလေးက ချက်ချင်းဖြေရှင်းချက်ပေးလာ၏။

"သခင်လေးက ဝမ်ရယ်နဲ့ သခင်မလေးရှင်းရန် လာတိုင်း မစောင့်ခိုင်းစေချင်လို့ ဆိုပြီး ဒီတိုင်းထွက်တွေ့နေကြလေ...ကျွန်တော် တစ်ခါ ဝတ်ရုံခြုံပေးတုန်းကတောင် ပူတယ် မခြုံဘူး ငယ်ပေါင်းကြီးဖော်တွေမို့ ကိုယ်လုံးတီးထွက်တွေ့တောင် ဘာမှမဖြစ်ဘူးဆိုပြီး ပြောခဲ့တာ"

ရီဟွား တစ်ယောက် မူလ ဝူရီဟွားကိုသာ ပြောင်းလဲ၍ ကျိန်ဆဲလိုက်တော့သည်။

Fuck! သူက အဲလိုတွေ လုပ်ထားတော့ ငါက အခု ဘယ်မျက်နှာနဲ့ ထွက်တွေ့ရမှာလဲ။ မျက်နှာပူလိုက်တာ။ ဘယ်လိုတောင် အရှက်မရှိရတာလဲ။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now