အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း

22.4K 3K 102
                                    

Unicode

အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း

ရီဟွား သူ့အား ကမ်းပေးလာသော ဆေးပန်းကန်အား ကြည့်ကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရသည်။

တကယ်ကို ဆေးနံ့ကြီးက ပြင်းလိုက်တာ...ခါးမဲ့ပုံကြီး!

ရီဟွား ဆေးအား ရှင်းလက်ထဲမှနေ၍ လက်လွှဲယူလိုက်သည်။

"ရှင်း ကျွန်တော် မသောက်လို့ မရဘူးလား...အရမ်းခါးမှာ"

ရီဟွားလက်တစ်ဖက်က ဆေးခွက်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် နှာခေါင်းအား ပိတ်ထားလိုက်သည်။

"ကိုယ် ရှောင်ဟွားဆေးသောက်ရခက်မှာ စိုးလို့ အချိုမုန့်ရော ရေရော တစ်ခါတည်း ယူလာခဲ့တယ်...ဆေးသောက်ပြီး ခါးရင် အချိုမုန့် စားပြီး ရေသောက်လိုက်"

ရီဟွား ရှင်း ဘေးတွင် ရပ်နေသော အစေခံမလေး ကိုင်ထားသည့် လင်ဗန်းထဲရှိ အချိုမုန့်နှင့် ရေခွက်ဆီသို့ အကြည့်တို့ ကျရောက်သွားသည်။

ငြင်း၍ ရမည်မထင်သောကြောင့် နှာခေါင်းပိတ်ကာ ဆေးအား တစ်ကျိုက်တည်း မော့၍ မြိုချလိုက်သည်။

Fuck ခါးလိုက်တာ!

ပါးစပ်ထဲရှိ ခါးသက်သက်အရသာက လွန်စွာ ခံရခက်သောကြောင့် ရီဟွား အချိုမုန့်ဆီသို့ လက်လှမ်းလိုက်၏။ အစေခံ မိန်းမငယ်လေးသည် သူယူရမှီစေရန် ခါးညွှတ်၍ အရှေ့သို့ကိုင်းကာ မုန့်ပန်းကန်အား ထိုးပေးလာသည်။

ရီဟွား အချိုမုန့် တစ်ခုလုံးအား ကောက်ယူပြီး ပါးစပ်ထဲ ထိုးထည့်ကာ ဝါးစားလိုက်သည်။ ပါးစပ်ထဲတွင် ပလုတ်ပလောင်း ဖြစ်သွားသောကြောင့် ရှင်းက ရေထည့်ထားသော ခွက်အား ယူ၍ သူ့အား ကမ်းပေးလာ၏။

အချို မုန့်စားလိုက်သောကြောင့် ခါးသက်သက်အရသာပျောက်သွားပြီး ဗိုက်မတင်းစေရန် ရီဟွား ရေတစ်ဝက်သာ သောက်လိုက်သည်။ ရေတစ်ဝက်ကျန်ရှိသော ရေခွက်အား ရှင်း လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now