Arc.10.6(စစ်သူကြီးပိုင်ကုဖန်း)

11.4K 1.8K 111
                                    


Zawgyi

မင်ရန်ဟောက်ရဲ့စကားတစ်လုံးရဲ့တန်ကြေးက ထန်တော်ဝင်မျိုးနွယ်ရဲ့အသက်တစ်ချောင်းနဲ့ ညီမျှခဲ့တယ်၊ အခု ထန်ဘုရင်မင်းမြတ်နဲ့သာမန်မင်းသားတစ်းပါးပဲကျန်ရှိတော့သည်၊ ထန်ဘုရင်မင်းမြတ်မှာ သား ဆယ့်သုံးယောက်နဲ့ သမီး ရှစ်ယောက်ရှိပေမယ့် ... ကျန်တဲ့သားရှစ်ယောက်မှာ သူရဲ့မျက်စိရှေ့မှောက်မှာ သေဆုံးသွားခဲ့ပြီ တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဟာလည်း ရန်သူလက်ထဲ ကြွေလွင့်သွားရပြန်သည်၊ ဒါသူတို့ ထန်တိုင်းပြည်ရဲ့သမိုင်းအတွက် အရှက်ရစရာပင်၊

တကယ်လို့ ထန်ဘုရင်မင်းမြတ်နဲ့ လက်ရှိမင်းသားတစ်ပါးသာ သေဆုံးခဲ့ရင်.... အမတ်တွေရဲ့အာဏာလုမှုတွေကြားမှာ ငယ်ရွယ်တဲ့မင်းသားငယ်လေးပါး ထပ်မံကြွေလွင့်ရပြီး... အမတ်ချုပ်သာ ထန်တိုင်းပြည်ကို လက်ဝါးကြီးအုပ်သိမ်းပိုက်ခဲ့ရင် သူရဲ့ mission ကျဆုံးရလိမ့်မယ်...

အတွေးများနဲ့ ပိုင်ကုဖန်းဟာ ဗြာများနေပေမယ့် ရန်သူ့စစ်တပ်အလယ်ကိုဖောက်ထုတ်ကာဝင်ရောက်တိုက်ခိုက်နေသည့် အရှိန်အဝါတော့ ရပ်တန့်သွားခြင်းမရှိချေ၊ ဒါပေမယ့်...

"နောက်ဆုံး အခွင့်အရေးပေးမယ် စစ်သူကြီးပိုင်ကုဖန်း " လို့ မင်ရန်ဟောက်က သူ့ဘက်ကို ပြုံးပြီးကြည့်ကာ ပြောလာပေမယ့် သူဘာတစ်ခွန်းမှ ပြန်လည်ပြောခြင်းမရှိပေဘဲ ကျိုးနေတဲ့လှံကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး... သူရဲ့ခါးပေါ်ရှိသယ်ဆောင်လာသည့် ပိုင်မိသားစုပိုင်ဓားကို ထုတ်ယူလိုက်သည်၊ဓားအိမ်ထဲကနေ ဓားထွက်လာသည်နှင့် ပိုင်ကုဖန်းရဲ့ပတ်လည်ရှိ အရှိန်အဝါသည်လည်း ပြောင်းလဲသွားတော့သည်၊ဒီဓားအကြောင်းဟာ တော်တော်ကိုကျော်ကြားသည့်အထဲပါဝင်သည်၊ သူတို့ဟာ များစွာသော ကောလဟာလတွေကြားဖူးသည်၊ထိုထဲမှာ အလွန်အကြူးဖွဲ့နွဲ့ထားတာတော့...

"စစ်ဘုရင်ရဲ့ဓားတစ်ချက်ဟာ ရန်သူတစ်သောင်းကို သေဆုံးနိုင်တယ်"

သူတို့်ကောလဟာလများကြောင့် အနည်းငယ်ကြောက်ရွံသွားပေမယ့် သူတို့အင်အားက ပိုသာသည်မလား၊ဒါပေမယ့် စစ်သူကြီးပိုင်ကုဖန်း ဓားထုတ်လိုက်သည်နှင့် ပိုင်စစ်သည်တော်တွေရဲ့စိတ်ခွန်အားများဟာတိုးပွားသွားလာပြီး မင်စစ်တပ်ကို အေးဆေးခုခံလာနိုင်တော့သည်၊ မင်စစ်သည်တော် ဆယ်ယောက်ကသာ ပိုင်စစ်သည်တော် တစ်ယောက်ကို ခက်ခက်ယဉ်းယဉ်း အနိုင်ယူနေရသည် မြင်တော့ ရန်သူတို့ရဲ့စိတ်ခွန်အားဟာ အနည်းငယ်ကျဆင်းသွားသည်၊ ဒါပြင် သူတို့ထင်သလိုဘဲ စစ်သူကြီးပိုင်ကုဖန်းရဲ့ ဓားတစ်ချက်ဟာ တစ်သောင်းသောစစ်သည်တော်တွေရဲ့အသက်ကိုမနုတ်နိုင်ပေမယ့် အနည်းငယ်သောအချိန်အတွင်းမှာ ထိုဓားသွားအောက်တွင် မင်စစ်သည်တော်ရာချီ အသက်ပျောက်သွားတော့သည်၊ ဒါဟာ မင်စစ်တပ်ကို ပိုမိုဖိအားပေးလာစေတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now