Arc.8.8(Vampireရဲ့ကြင်ယာတော်)

12.8K 1.8K 27
                                    


Zawgyi

"မရာဒီရယ်"

မစ်လ်ဟာ နက်စ်တို့ကို သွားကယ်ချင်တာကြောင့် သူတစ်ယောက်ထဲ hunterနယ်မြေထဲ ထိုးဖောက်ဝင်ရောက်မယ်ဆို အန္တရာယ်အနည်းအကျဉ်းတော့ ကြုံရမှာပဲလေ... Vampire တစ်ပိုင်း ဖြစ်သွားလို့ အားသန်သွားပေမယ့် ဟိုက Vampire hunterတွေကိုး....ဒါကြောင့် နောက်ဆုံး ခရစ်ချက်စ်ဆီသာ သွားအကူအညီတောင်းရန် သူကိုယ်သူ တွန်းအားပေးရင်း...မရာဒီရယ်ဟာ ခရစ်ချက်စ်အခန်းထဲကနေ ထွက်လာတာကို တွေ့လိုက်ရသည်...

'ဘာလာလုပ်တာလဲ... မရာဒီရယ်က'

လည်ချောင်းထိတတ်လာသည့်  သဝန်တိုမှုတွေကို ထိန်းချုပ်လိုက်ပြီး ထိုနားမှာသာ ရပ်နေလိုက်သည်၊ မရာဒီရယ်က ဘာအကြောင်းကြောင့် လာတာလဲ ဒီနယ်မြေက မရာဒီရယ်အတွက် အန္တရာယ်အများဆုံးလေ... ဒါပေမယ့် မရာဒီရယ်ကြည့်ရတာ အေးဆေးပင်၊ အမှတ်တမဲ့ မြက်လိုက်ရသည့် မရာဒီရယ် လည်ပင်းကအနီရောင်ကွက်ကြောင့် မစ်လ်ရဲ့ အပြာရောင်မျက်ဝန်းလေးတဖက်ဟာ နီရဲသွားကာ... သူရင်ဘက်ကို လက်လေးနဲ့ဖိမိလိုက်ပြီး နောက်ထပ်အပြာရောင်မျက်ဝန်းလေးကတော့ မျက်ရည်ဥလေးများ တင်နေသည်

'မဟုတ်ဘူး...ခရစ်ချက်နဲ့ ရထားတာ မဖြစ်နိုင်ဘူး အခြားသူတစ်ယောက်နဲ့ပဲ နေလိမ့်မယ်...ဒါပေမယ့် ဘာလို့ မရာဒီရယ်က ခရစ်ချက်စ်အခန်းထဲကနေ ထွက်လာခဲ့ရတာလဲ...'

'ငါ မနေ့က သူအပေါ် ပြောမိတာတွေကြောင့် စိတ်ကုန်သွားတာများလား... ပြီးတော့ မရာဒီရယ်ပုံစံကလည်း သိုက် ကြိုက်နှစ်သက်တဲ့ပုံစံလေ...'

[Sugar:  ..... ] <sky ရေ မင့်ဝမ်ဝမ်ကို လာနှစ်သိမ့်ပါအုန်း!!> <ငါ ဘယ်လို နှစ်သိမ့်ရမလဲ ငါမသိဘူး>

"မစ်လ်..." အတွေးများနဲ့ ဗျာများနေချိန်မှာ အနောက်ကနေ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့... ဟိုနေ့က သူချစ်သူဆိုပြီး ဝင်ခုန်အုပ်ကာ နမ်းမိလိုက်သည့် လူငယ်ခေါင်းဆောင် ဒိုင်နယ်ဖြစ်နေသည်၊

"ဒိုင်နယ်...  မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ" ဒီအိမ်တော်က ခရစ်ချက်စ် ရဲ့ အိမ်တော်ဖြစ်တာကြောင့် ဝင်ချင်တဲ့သူ ဝင်လို့မှ မရတာကိုး...

Zhao Wen Xuan(System)Where stories live. Discover now