Arc-12.13(Little Lover)

1.7K 210 10
                                    

Zawgyi

"ကျွန်တော်က ဆွဲဆောင်မှုမရှိဘူးလား"

ဝမ်ချင်ရှန်စကားကြောင့် လုရန်ဖုန်းခလုတ်တောင် တိုက်မိမလိုဖြစ်သွားပြီး နားကြားများ မှားသွားသလားတောင်ထင်လိုက်မိသည်၊ကျောင်းဝတ်စုံဝတ်ထားတာ​တောင် နူးညံ့ပြီးငယ်ရွယ်တဲ့မျက်နှာလေးဟာ ဒီလောကနဲ့မသက်ဆိုင်သ​ယောင် အလွန်လှပလွန်းလှသည်၊

ထို့နောက်မှာတော့ လုရန်ဖုန်းအမူအရာကပြောင်းလဲသွားပြီး သူက တစ်ခုခုသတိထားမိသယောင်ပုံစံဖြင့် ဝမ်ချင်ရှန်အနီးလျှောက်လာသည်၊

"ရှန်ရှန်...မင်းက မန်မျိုးနွယ်လား"

"ဟုတ်တယ်လေ" လုရန်ဖုန်းက သူ့ချစ်သူဖြစ်နေတာကြောင့် ဝမ်ချင်ရှန်က ဖုံးကွယ်မထားပေ၊တကယ်တော့ စောနတည်းက မျက်လုံးအရောင်နဲ့ပတ်သတ်ပြီးပြောနေတည်းက ရိပ်မိနေပြီထင်ခဲ့တာ အခုမှသိတယ်တဲ့လား'

"မင်း...မန်မျိုးနွယ်ကဆိုတာ လုယွင်ချင်းသိလား"  လုရန်ဖုန်းစကားကိုကြားတော့ ဝမ်ချင်ရှန်က နားမလည်တဲ့အမူအရာဖြင့် လုရန်ဖုန်းကိုကြည့်ပြီးပြောလိုက်သည်၊

"ယွင်ချင်း သိသွားလည်း ကိစ္စမရှိဘူးမလား...သူက ကျွန်တော့်သူငယ်ချင်းပဲလေ" လုရန်ဖုန်းက ဝမ်ချင်ရှန်စကားကြောင့် မျက်မှောင်ကြုတ်ပြီး သူကခေါင်းခါလိုက်သည်၊

"ထန်ရာလ်တွေက ရှန်ရှန်ထင်သလို မရိုးရှင်းကြဘူး...ပြီးတော့ လုယွင်ချင်းက ထန်ရာလ်ရဲ့ဆက်ခံသူနေရာကိုလိုချင်ပေမယ့် သူ့ခန္ဓာကိုယ်က အမြဲတစေအားနည်းနေတာကြောင့် ဆက်ခံသူရွေးချယ်ပွဲမှာ သူ့အတွက်အခွင့်အရေးမရှိဘူးလေ"

"ဒါပေမယ့်... " လုရန်ဖုန်းက အနည်းငယ်တိတ်ဆိတ်သွားပြီးနောက်မှာ သက်ပြင်းချကာပြောလိုက်သည်၊

"မန်တွေရဲ့နှလုံးက ထန်ရာလ်ရဲ့အသက်သွေးကြောကိုကယ်တင်နိုင်ပြီး မန်မျိုးနွယ်ရဲ့အဆင့်အတန်းအပေါ်မူတည်ပြီး သူရဲ့စွမ်းအင်ကို မြှင့်တင်ပေးနိုင်တယ်လေ" လုရန်ဖုန်းစကားများကိုနားထောင်ရင်း ဝမ်ချင်ရှန်ရဲ့အမူအရာများက ထိတ်လန့်မှုများဖြတ်သန်းသွားတော့သည်၊ဒါပေမယ့် သူက လက်မခံနိုင်တဲ့ပုံစံလေးဖြင့် လုရန်ဖုန်းကိုကြည့်လိုက်ပြီး

Zhao Wen Xuan(System)Where stories live. Discover now